ငါးထပ်ကွမ်း အကယ်ဒမီ ဆုရှင် ပြေတီဦး နဲ့ သုံးထပ်ကွမ်း အကယ်ဒမီ ဆုရှင် အိန္ဒြာကျော်ဇင်

0
817

ပြီးခဲ့တဲ့ မေလ (၆) ရက်က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ (၃) နှစ်စာ အကယ်ဒမီဆု ချီးမြှင့်ပွဲမှာ ထူးထူးခြားခြားအနေနဲ့ အနုပညာစုံတွဲ နှစ်တွဲ အကယ်ဒီမီ ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။

အဲဒီ စုံတွဲတွေကတော့ အကယ်ဒမီ ပြေတီဦးနဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင်တို့ စုံတွဲရယ် ၊ ရွှေမှုံရတီနဲ့ ရွှေထူးတို့ စုံတွဲပဲ ဖြစ်ပါတယ်။

ဒီထဲမှာ သရုပ်ဆောင် ပြေတီဦးက‌တော့ သူ့ရဲ့ ငါးဆုမြောက် အကယ်ဒမီကို ၂၀၂၂ ခုနှစ်အတွက် အမျိုးသားဇာတ်ဆောင်ဆုကို ” လိပ်ပြာထောင်ခြောက် ” ဇာတ်ကားနဲ့ ရရှိခဲ့ပြီး သူ့ရဲ့ဇနီးသည်ဖြစ်သူ အိန္ဒြာကျော်ဇင်ဟာလည်း သူမရဲ့ တတိယမြောက် အကယ်ဒမီဆုကို “ဟစ်တိုင်” ဇာတ်ကားနဲ့ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

ထူးထူးခြားခြား နှစ်တစ်ခုလို့လည်း ဆိုဖွယ်ရာပါပဲ။နှစ်ဦးစလုံး တစ်နှစ်တည်းမှာ အကယ်ဒမီဆုကို ဆွတ်ခူးနိုင်တာကတော့ ပရိသတ်အချစ်တော် တီတီ နဲ့ အူဝဲ တို့အတွက် အမှတ်တရ အဖြစ်ဆုံးပဲလို့ ပြောလို့ရပါတယ်။

သရုပ်ဆောင် ပြေတီဦးဟာ ၂၀၁၀ ခုနှစ်တွက် “အာဒံရယ် ဧဝရယ် ဒဿရယ်”၊ ၂၀၁၂ ခုနှစ်တွင် “လက်ပံ”၊ ၂၀၁၃ ခုနှစ်တွင် “နင်စေရင်”၊ ၂၀၁၄ ခုနှစ်တွင် “နှလုံးသားဖြင့်ပြုလုပ်သည်” ဇာတ်ကားများဖြင့် အမျိုးသားဇာတ်ဆောင်ဆုများ ရရှိထားပြီး အိန္ဒြာကျော်ဇင်သည် ၂၀၀၄ ခုနှစ်မှာ ” မျက်နှာများတဲ့ ကောင်းကင်” ဇာတ်ကားဖြင့် အမျိုးသမီး ဇာတ်ဆောင်ဆု ၊ ၂၀၁၇ ခုနှစ်မှာ “ရင်ဘက်ထဲကဓား” ဇာတ်ဖြင့် အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားတာဖြစ်ပါတယ်။

(၃)နှစ်နီးပါး ပရိသတ်တွေ ရှေ့မရောက်ရှိလာတဲ့ တီတီ နဲ့ အူဝဲ ကတော့ပရိသတ်ရှေ့မှောက်ကို မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲမှသာ ပြန်လည်ဆုံတွေ့ရသလို အိမ်ပြန်လမ်းခရီးမှာတော့ သူတို့နှစ်ဦးရဲ့ အကယ်ဒမီ ရွှေစင်ရုပ်ထု အသီးသီး နဲ့ လှပခဲ့တယ်လို့ ဆိုလို့ရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here