ခမာဖိုက်(Kun Khmer)ပြိုင်ပွဲတွင် မြန်မာလက်ဝှေ့ကျော် ထွန်းထွန်းမင်း ဗိုလ်လုပွဲတက်ရောက်

0
214

၂၀၂၃ ခုနှစ် ကမ္ဘောဒီးယားဆီးဂိမ်း အမျိုးသား 81 kg တွင် ၀င်ရောက်ယှဉ်ပြိုင်နေသည့် လက်ဝှေ့ကျော် ထွန်းထွန်းမင်းသည် ဖိုင်နယ်သို့ တက်ရောက်သွားပြီဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းမင်းသည် အမျိုးသား 81 kg ဆီမီးဖိုင်နယ်၌ ဗီယက်နမ်နိုင်ငံသား Nguyen Van Chien(ဗီယက်နမ်) နှင့် ယှဉ်ပြိုင်ထိုးသတ်ရာ (၃) ချီလုံး အနိုင်အရှုံးမပြတ်သားခဲ့ပဲ ဒိုင်အမှတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ မြန်မာနိုင်ငံမှ ကျွန်တော်ကို အားပေးကြတဲ့ပရိတ်သက်တစ်ယောက်ချင်းဆီကို အထူးပင်ကျေးဇူးတင်ပါတယ်၊ မြန်မာအတွက် ရွှေရယူနိုင်အောင် ဆက်ကြိုးစားသွားပါမယ်၊ ပရိတ်သက်တစ်ယောက်ချင်းဆီရဲ့အားပေးမှုက ကျွန်တော်အတွက်တော့ အားဆေးတစ်ခွက်ပါ အားပေးကြပါဦး” ဟု ထွန်းထွန်းမင်းက ပြောသည်။

ထွန်းထွန်းမင်းသည် ဗိုလ်လုပွဲတွင် ကမ္ဘောဒီးယားဖိုက်တာ နှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။။


LEAVE A REPLY

Please enter your comment!
Please enter your name here