တစ်ရက်အတွင်း ကိုဗစ်(၁၉)ရောဂါ အတည်ပြုလူနာသစ် (၂၁၁) ဦး ထပ်မံတွေ့ရှိ

0
150

ကျန်းမာရေးဝန်ကြီးဌာန၏ မေလ (၉) ရက် ညပိုင်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ် (၁၉) ရောဂါ ကူးစက်ခံရသည့် လူနာသစ် (၂၁၁) ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ရှိချက်မှာ မေ (၈) ရက် ည (၈) နာရီမှ (၉) ရက်ည (၈) နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၀၈၅၆ ခုအားစစ်ဆေးခဲ့ရာမှ တွေ့ရှိခဲ့သည့် ဓာတ်ခွဲအတည်ပြုလူနာသစ်များဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လက်ရှိတွင် ကိုဗစ် (၁၉) သံသယ လူနာများ၊ ဓာတ်ခွဲအတည်ပြု လူနာများနှင့်အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား ကိုဗစ်(၁၉)ရောဂါရှိ/မရှိ ဓာတ်ခွဲစစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်ရာလျက်ရှိရာ ယနေ့အထိ ဓာတ်ခွဲနမူနာပေါင်း(၁၀၄၆၂၁၂၁)ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်(၁၉) ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၆၃၆၃၈၈) ဦး ရှိပြီဖြစ် ကြောင်း သိရသည်။

ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင်သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးခြင်းများဆောင်ရွက်ခဲ့၍ ယနေ့အထိပြန်လည်ကောင်းမွန်လာသူ(၆၁၅၃၈၈)ဦးရှိပြီဖြစ်ကာ ထပ်မံသေဆုံးသူ မရှိသဖြင့် ယနေ့အထိသေ ဆုံးသူ(၁၉၄၉၂)ဦးရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here