လောရီးရက်စ်က ချီးမြှင့်သော တစ်နှစ်တာ အကောင်းဆုံး အားကစားသမားဆုများကို မက်ဆီနှင့် တာတိုအပြေးချန်ပီယံ ဖရေစာ ပရိုက်စ်တို့ ရရှိ

0
124

အာဂျင်တီနားနိုင်ငံသား လီယိုနယ်မက်ဆီ သည် မေလ ၈ ရက် တနင်္လာနေ့တွင် လောရီရက်စ်က ချီးမြှင့်သော တစ်နှစ်တာ အကောင်းဆုံး အမျိုးသား အားကစားသမားဆုကို ရရှိခဲ့ပြီး အကောင်းဆုံး အမျိုးသမီး အားကစားသမားဆုကိုမူ တာတိုအပြေးချန်ပီယံ ရှယ်လီ အန်း ဖရေစာ ပရိုက်စ်က ရရှိခဲ့သည်။

လောရီရက်စ်သည် အားကစားရေးရာ၌ ထူးချွန်သူများကို ဂုဏ်ပြုချီးမြင့်သည့် ကမ္ဘာ့အဖွဲ့အစည်းတစ်ခုဖြစ်သည့်အပြင် အားကစားကို အသုံးပြု၍ ကလေးများနှင့် လူငယ်များ၏ ဘဝများကို ပြောင်းလဲပေးနေသာ အဖွဲ့အစည်းလည်းဖြစ်သည်။

မက်ဆီသည် အဆိုပါဆုပေးပွဲအတွင်း အကောင်းဆုံး အားကစားသမားဆု အပြင် ကမ္ဘာ့အကောင်းဆုံး အသင်းဆုကိုပါ ကမ္ဘာ့ဖလားကို ပူပူနွေးနွေး ရယူထားသော အာဂျင်တီးနား လက်ရွေးစင်အသင်းကိုယ်စား လက်ခံရရှိခဲ့သည်။

ထို့ကြောင့် မက်ဆီသည် လောရီရက်စ်က ချီးမြှင့်သည့် ကမ္ဘာ့ အကောင်းဆုံး အားကစားသမားဆုနှင့် အကောင်းဆုံး အသင်းဆုကိုပါ တစ်နှစ်အတွင်း ဆွတ်ခူးနိုင်ခဲ့သော ပထမဆုံး အားကစားသမား ဖြစ်လာသည်။ မက်ဆီ၏ ကစားသမားဘဝ မှတ်တမ်းအတွင်း အမွေအနှစ်တစ်ခု တိုးလာခြင်းဖြစ်သည်။

ဂျမေကာ နိုင်ငံသူ ဖရေစာ ပရိုက်စ်သည်လည်း ကမ္ဘာ့ပြေးခုန်ပစ်ချန်ပီယံရှစ်ပြိုင်ပွဲ အမျိုးသမီး မီတာ ၁၀၀ ပွဲစဉ်တွင် ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့ခြင်း အပါအဝင် ၂၀၂၂ ခုနှစ်အတွင်း ဆုများစွာ ရရှိခဲ့သောကြောင့် လောရီရက်စ်၏ အကောင်းဆုံး အမျိုးသမီး အားကစားသမားဆုကို ရရှိခဲ့သည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here