ဗန်းမော်ဆရာတော်ကြီးအား သီတဂူဆရာတော်ကြီးမှ ဂါရဝပြု ပူဇော်ကန်တော့

0
218

မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက်၌ သီတင်းသုံးနေတော်မူသည့် သက်တော်(၉၄) နှစ်ရှိ နိုင်ငံတော်သံဃမဟာနာယကဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီးအား သီတဂူဆရာတော်ကြီးမှ မေ (၁၀) ရက် ယနေ့ နံနက် (၉) နာရီက ဂါရဝပြုပူဇော်ကန်တော့ခဲ့ကြောင်း သိရသည်။

ထို့နောက် သီတဂူဆရာတော်ကြီးမှ ဗန်းမော်ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေများအား မေးမြန်းလျှောက်ထားပြီးနောက် အားဖြည့်အာဟာရဓာတ်စာများကိုဆက်ကပ်လှူဒါန်းကာ ဗန်းမော်ဆရာတော်ကြီး သက်တော်ရှည်ပြီး ကျန်းမာစွာသာသနာပြုနိုင်စေရန် ဆုတောင်းမေတ္တာပို့သခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here