ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများအနေဖြင့် မုန်တိုင်းဘေးကြိုတင်ကာကွယ်ရန် အသိပေးထား

0
111

မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဆောင်ရွက်နေသည့် ကုမ္ပဏီများအနေဖြင့် မုန်တိုင်းဘေး ကြိုတင်ကာကွယ်ကြရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က အသိပေးချက်ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အတည်ပြုမိန့် (သို့မဟုတ်) ခွင့်ပြုမိန့်ဖြင့်ဖြစ်စေ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီတွေ၏ အတည်ပြုမိန့်ဖြင့်ဖြစ်စေ စီးပွားရေးလုပ်ကိုင်ဆောင်ရွက်သည့် ရင်းနှီးမြှုပ်နှံသူများ၊ ကုမ္ပဏီများအနေဖြင့် သဘာဝဘေး ကြိုတင်ကာကွယ် တားဆီးရေး အစီအမံများ ရေးဆွဲပြင်ဆင်ဆောင်ရွက်ထားကြရန် ကော်မရှင်က အသိပေးထား သည်။

ထို့အပြင် မိမိတို့ လုပ်ငန်းများမှ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများကို မိုးဒဏ် လေဒဏ် ရေကြီးမှု ဒဏ်များမှကင်းလွတ်ရာသို့ ပြောင်းရွှေ့နိုင်ရေး ကြိုတင်ပြင်ဆင်ထားကြရန်လည်း ကြေညာချက်တွင် ဖော်ပြထားသည်။

လုပ်ငန်းရှင်များအနေဖြင့် မုန်တိုင်းသတင်းအရ အခြေခံစားသောက်ကုန်နှင့် ဆေးဝါးများ ဈေးနှုန်းမြင့်တက်လာစေရေး ဈေးကစားခြင်း မပြုလုပ်ရန်၊ ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်ခြင်း မဖြစ်ပေါ်စေရေး ကြိုတင်စီမံဆော င်ရွက်ထားရန်နှင့် အရေးပေါ် အခြေအနေ ပေါ်ပေါက်လာပါက ပြည်သူလူထု ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ကြရန်လည်း အသိပေးကြေညာထားသည်။

လက်ရှိတွင် ဘင်္ဂလားပင်လယ်အော်၌ ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်သည် ဘင်္ဂလားဒေ့ရှ်-မြန်မာကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနိုင်သည့် အခြေအနေရှိခြင်းကြောင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက လိမ္မော်ရောင်အဆင့် သတ်မှတ်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here