အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးသက်ဝင်း အာဆီယံကော်မတီ – ဝါရှင်တန်၏ အလုပ်သဘော နေ့လယ်စာစားပွဲသို့ တက်ရောက်

0
218

ဝါရှင်တန်ဒီစီရှိ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးသက်ဝင်းသည် ကမ္ဘောဒီးယားသံရုံးတွင် မေ (၈) ရက်က ပြုလုပ်ခဲ့သည့် အာဆီယံကော်မတီ – ဝါရှင်တန်မှ တည်ခင်းဧည့်ခံသော အလုပ်သဘော နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အလုပ်သဘော နေ့လယ်စာ စားပွဲအား အာဆီယံ ကော်မတီ – ဝါရှင်တန်က အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပညာရေးနှင့် ယဉ်ကျေးမှုရေးရာဌာန ဒု – လက်ထောက်ဝန်ကြီး Ms. Lee Satterfield အားတည်ခင်းဧည့်ခံခဲ့ခြင်းဖြစ်ကာ အာဆီယံသံရုံးအကြီးအကဲများ၊ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြကြောင်းလည်း သိရသည်။

အလုပ်သဘော နေ့လယ်စာစားပွဲတွင် ကော်မတီအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားသံအမတ်ကြီး H.E. Mr. Keo Chhea မှ ဦးဆောင်၍ တက်ရောက်လာကြသူများက နှစ်ဖက်ဆက်ဆံရေး၊ ယဉ်ကျေးမှုနှင့် ပညာရေးပူးပေါင်းဆောင်ရွက်မှုတို့အား ဆွေးနွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here