ရွှေဈေးကွက်အတွင်း အရောင်းအဝယ် ဆက်အေးနိုင်ဟု YGEA ပြော

0
179

ရန်ကုန်ရွှေဈေးကွက်အတွင်း အရောင်းအဝယ် ဆက်အေးနေဦးမည်ဖြစ်ကြာင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။

ပြီးခဲ့သည့် ရက်သတ္တပါတ်အတွင်း ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၀၄၀ အထိ မြင့်တက်လာချိန်တွင် ပြည်တွင်းရွှေဈေးကွက်တွင်လည်း ရွှေဈေးနှုန်းများ ဆက်တိုက်မြင့်တက်ခဲ့ကာ ရန်ကုန်ရွှေအသင်း ၏ ရည်ညွှန်းဈေးသည်ပင် တစ်ကျပ်သား ကျပ် (၂၄) သိန်းကျော်ထိ မြင့်တက်ခဲ့သည်။

“ ရွှေဈေးကွက်က အရောင်းအဝယ်အေးတယ်။ ရှေ့လျှောက်လည်း အရောင်းအဝယ်အေးဦးမှာပဲ။ အဝယ်မရှိဘူး။ အရောင်းတွေက များတယ်။ လူတွေကလည်း အလုပ်အကိုင်မကောင်းကြတော့ အရောင်းအဝယ်က အေးနေတာ” ဟု ၎င်းက ဆိုသည်။

ယနေ့ ကမ္ဘာ့ရွှေဈေးအဖွင့်ဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၀၃၁ ဖြစ်ပြီး ရန်ကုန်ရွှေအသင်း၏ ရည်ညွှန်းဈေးနှုန်းမှာ ၂၃၉၂၇၀၀ ဖြစ်ကာ ပြင်ပဈေးကွက်တွင် ဈေးကျခြင်းမရှိပဲ သိန်း (၃၀) နီးပါးအထိ အမြင့်ဈေးဖြင့် ဆက်ရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့် လကုန်ပိုင်းအတွင်းက ပြည်တွင်း ရွှေဈေးကွက်တွင် ရွှေဈေးနှုန်း မြင့်တက်မှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ရာ ဈေးနှုန်းတည်ငြိမ်စေရန်အတွက် ရွှေဆိုင်များအနေဖြင့် တစ်ကျပ်သားလျင် (၂၉) သိန်းဝန်းကျင်ဖြင့်သာ ရောင်းချပေးရန် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်းမှ မေတ္တာရပ်ခံခဲ့ရသည်။

ယင်းသို့ မေတ္တာရပ်ခံမှုကြောင့် ရွှေဈေးနှုန်း အတန်အသင့် ပြန်လည်ကျဆင်းခဲ့သော်လည်း လက်ရှိအချိန်ထိ အမြင့်ဈေးတွင်သာ ဆက်လက်ရပ်တည်နေဆဲပင် ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here