မုန်တိုင်းဒဏ်သင့်ပါက အရေးပေါ်အသုံးပြုရန်အတွက် YRTC မှ မော်တော်ယာဉ်များ စီစဉ်ထား

0
334

သဘာဝဘေးဖြစ်သည့် မုန်တိုင်းအန္တရာယ်ကျရောက်ပါက အရေးပေါ်အသုံးပြုနိုင်ရန်အတွက် မော်တော်ယာဉ်များကို အရန်သင့်စီစဉ်ထားကြောင်း YRTC မှ တွဲဖက် အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောသည်။

ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းကော်မတီမှ အရေးပေါ်အသုံးပြုရန်အတွက် စီစဉ်ထားသော သယ်ယူပိုဆောင်ရေးယာဉ်များမှာ Truck ယာဉ် (၅၀) စီး၊ Faw light Truck (၁၀) စီး၊ Mini Bus (၅၀)စီးကို အရန်သင့် စီစဉ်ထားကြောင်း သိရသည်။

လက်ရှိ ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်သည် ဆက်လက်အားကောင်းလာကာ အစအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းကြီးအဖြစ် ရောက်ရှိကာ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာကမ်းရိုးတန်းသို့ ဖြတ်ကျော် ဝင်ရောက်နိုင်ကြောင်း ခန့်မှန်းထားပြီး လိမ္မော်ရောင်အဆင့် သတ်မှတ်ထားကြောင်း မိုး/ဇလမှလည်း အသိပေးထုတ်ပြန်ထားသည်။

မုန်တိုင်းငယ်သည် မြောက် – အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းနှင့် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းကမ်းခြေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြိုတို့ကြားမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here