တွစ်တာပေါ်၌ ဖုန်းခေါ်ဆိုမှုများနှင့် စကားဝှက် မက်ဆေ့ပေးပိုမှုများ လုပ်နိုင်တော့မည် – အီလွန်မတ်စ်

0
166

တွစ်တာအမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်သည် သူ၏ ပလက်ဖောင်းပေါ်သို့ မကြာမီ ထည့်သွင်းပေးတော့မည့် ဖုန်းခေါ်ဆိုနိုင်ခြင်း၊ စကားဝှက် ထည့်နိုင်သော မက်ဆေ့ချ်များ ပေးပို့ခြင်းအပါအဝင် နည်းပညာအသစ်များအကြောင်းကို မေလ ၉ ရက် အင်္ဂါနေ့တွင် အသေးစိတ် ထုတ်ဖော်ပြောကြားခဲ့သည်။

မက်စ်သည် မနှစ်ကတည်းက တွစ်တာဗားရှင်း ၂.၀ အတွက် အစီအစဉ်များကို ထုတ်ဖော်ပြသခဲ့ပြီး ထိုထဲတွင် စကားဝှက် ထည့်နိုင်သော တိုက်ရိုက်မက်ဆေ့ချ် (DMs) ပေးပို့ခြင်း၊ တွစ်တာပေါ်၌ စာရှည်များ ရေးတင်နိုင်ခြင်းနှင့် လစဉ်ကြေး ကောက်ခံခြင်းတို့ ပါဝင်မည်ဖြစ်ကြောင်း ပြောခဲ့သည်။

“ဒီပလက်ဖောင်းကို အသုံးပြုနေတဲ့ လူတွေအားလုံးဟာ မကြာမီ အချိန်အတွင်းမှာ အချင်းချင်း ဖုန်းခေါ်ဆိုတာတွေ၊ ဗီဒီယိုကော ခေါ်တာတွေ လုပ်လို့ရလာတော့မှာပါ။ ဒါကြောင့် ကမ္ဘာအနှံ့က လူတွေကို ကိုယ့်ရဲ့ ဖုန်းနံပါတ် ပေးစရာမလိုဘဲ ဆက်သွယ်ပြောဆိုလို့ ရတော့မယ်” ဟု မက်စ်က တွစ်တာပေါ်တွင် ရေးသားခဲ့သည်။

အထက်ပါ နည်းပညာများအား ရောက်ရှိလာပါက တွစ်တာသည် ဇူကာဘတ်၏ ဆိုရှယ်ပလက်ဖောင်းများ ဖြစ်သော ဖေ့ဘွတ်ခ်၊ အင်စတာဂရမ်တို့နှင့် ပုံစံတူသည့် အက်ပလီကေးရှင်းတစ်ခု ဖြစ်လာမည် ဖြစ်သည်။

စကားဝှက်ထည့် နိုင်သော မက်ဆေ့ချ်များကိုမူ တွစ်တာပေါ်တွင် ဗုဒ္ဓဟူးနေ့မှစတင်၍ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ စကားဝှက် မက်ဆေ့ချ်ဆိုသည်မှာ လူတိုင်းမဖတ်နိုင်အောင် ပြုလုပ်ထားသော လုံခြုံရေး စနစ်ပါသည့် မက်ဆေ့ချ်ဖြစ်ပြီး ဖတ်လိုပါ ပေးပို့သူ သတ်မှတ်ထားသည့် စကားဝှက် သို့မဟုတ် ကုဒ် ထည့်သွင်းရန် လိုအပ်သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here