အိုင်စတိုင်းနှင့် စတီဖင် ဟော့ကင်းတို့ထက် အိုင်ကျူ ပိုမြင့်နေတဲ့ ၁၁ နှစ်အရွယ် အော်တစ်ဇင် ရောဂါသည်မလေး

0
315

အော်တစ်ဇင်ရောဂါသည် အသက် ၁၁ နှစ်အရွယ် မက္ကဆီကိုနိုင်ငံသူ အက်ဟာရာ ပေရေး ဆန် ရှေး ဟာ အလွန်ထူးခြားတဲ့ ကလေးမလေးတစ်ဦးဖြစ်ပါတယ်။

မက္ကဆီကိုမြို့မှာ နေထိုင်တဲ့ ဆန်ရှေး ဟာ အိုင်ကျူ (IQ) ၁၆၂ ရှိပြီး ကမ္ဘာကျော် ရူပဗေဒပညာရှင်တွေဖြစ်တဲ့ အဲလ်ဘတ် အိုင်းစတိုင်းနဲ့ စတီဖင် ဟော့ကင်းတို့ ထက်တောင် ပိုမြင့်နေတာပါ။ အိုင်းစတိုင်းနဲ့ ဟော့ကင်းတို့တောင် အိုင်ကျူ ၁၆၀ ဝန်းကျင်လောက်ပဲ ရှိတယ်လို့ သိရပါတယ်။

ဖွံ့ဖြိုးမှု ချို့ယွင်းတဲ့ ရောဂါ (အော်တစ်ဇင်) ကို အသက် ၃ နှစ်လောက်မှာ စတင်ခံစားခဲ့ရတဲ့ ဆန် ရှေး ဟာ ပုံမှန်ကလေးတွေနဲ့ ကွဲပြားနေတာကြောင့် ကျောင်းတွေမှာ အနိုင်ကျင့်ခံခဲ့ရတဲ့ မိန်းကလေးတစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ အသက် ၅ နှစ်အရွယ်မှာ မူလတန်း အောင်ခဲ့ပြီးနောက် နောက်တစ်နှစ် အတွင်းမှာပဲ အလယ်တန်းရော အထက်တန်းကျောင်းကပါ ဘွဲ့တွေကို ရယူနိုင်ခဲ့ပါတယ်။

ဒါ့အပြင် စီအင်န်စီအိုင် တက္ကသိုလ်ကနေ စစ်စ်တမ် အင်ဂျင်နီးယားရင်း ဘွဲ့နဲ့ မက္ကဆီကို နည်းပညာတက္ကသိုလ်ကနေ သင်္ချာအထူးပြု စက်မှုအင်ဂျင်နီယာဘွဲ့တွေကိုလည်း ရရှိထားသူ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မက္ကဆီကို အာကာသ အေဂျင်စီမှာ အလုပ်လုပ်နေပြီး မဟာအင်ဂျင်နီယာဘွဲ့ကိုလည်း သိပ်မကြာခင် ရရှိတော့မှာ ဖြစ်ပါတယ်။

သူ့ရဲ့ ရည်မှန်းချက်ကတော့ နာဆာမှာ အာကာသယာဉ်မှူးကြီး ဖြစ်လာပြီး အင်္ဂါဂြိုလ်ပေါ်ကို ခြေချနိုင်ဖို့ပဲ ဖြစ်ပါတယ်။

အသက် ၁၁ နှစ်အရွယ် ကလေးတစ်ယောက်က အခုလိုမျိုးတွေ လုပ်ပြနေတာဟာ တကယ်ကို ပါရမီပါပြီး ထူးခြားတယ်ဆိုတာ သက်သေပြသနေလိုပါပဲ။ ဒါပေမယ့် ဆန် ရှေး ဟာ နောင်လာမယ့်မျိုးဆက်သစ်တွေ အတုယူရမယ့် တောက်ပတဲ့ ကြယ်ပွင့် ဖြစ်လာမလားဆိုတာကိုတော့ စောင့်ကြည့်ရအုံးမှာ ဖြစ်ပါတယ်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here