ဖီလစ်ပိုင်ကို အနိုင်ယူပြီးမြန်မာအသင်း ဆီမီးဖိုင်နယ်တက်

0
399

ဆီးဂိမ်းစ် အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု (က) ၏နောက်ဆုံးပွဲစဉ်အဖြစ် မြန်မာယူ ၂၂ အသင်းနှင့် ဖီလစ်ပိုင်အသင်းတို့ ယနေ့ မေ ၁၀ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည်။

ထို့သို့ယှဉ်ပြိုင်ရာတွင် မြန်မာအသင်းက ဖီလစ်ပိုင် အသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

ယ‌နေ့တွင် မြန်မာအသင်းသည် ကမ္ဘောဒီးယားနှင့်ပွဲစဥ်မှ လူစာရင်းအတိုင်း ပွဲထွက်လာခဲ့ပြီး ပထမပိုင်းတွင် ဂိုးမရှိ‌သရေကျနေခဲ့ကာ ဒုတိယပိုင်း ပွဲကစားချိန် ၅၄ မိနစ်တွင် သက်ဟိန်းစိုး၏ သွင်းဂိုးဖြင့်အနိုင်ရရှိခဲ့ခြင်းလည်းဖြစ်သည်။

မြန်မာအသင်းသည် ဆီးဂိမ်းပြိုင်ပွဲတွင် အိမ်ရှင် ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ တီမောအသင်းတို့နှင့် အုပ်စု(က)အတွင်း ကျရောက်ခဲ့ပြီး ၃ ပွဲ ကစားပြီးချိန်တွင် ၃ ပွဲနိုင် ၁ ပွဲရှုံး ရမှတ် ၉ မှတ်ဖြင့် အုပ်စုဒုတိယဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားခဲ့သည်။

မြန်မာအသင်းသည် ဆီမီးဖိုင်နယ်တွင် ထိုင်း (သို့မဟုတ်) ဗီယက်နမ်အသင်းနှင့် တွေ့ဆုံရမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here