ကိုဗစ်(၁၉)ရောဂါကြောင့် သေဆုံးသူ ၁ ဦးရှိခဲ့ပြီး အတည်ပြုလူနာသစ် ၂၅၄ ဦးထပ်တွေ့

0
158

ကိုဗစ်(၁၉)ရောဂါကြောင့် မေ ၁၀ ရက်တွင် သေဆုံးသူ ၁ ဦးရှိခဲ့ပြီး ဓာတ်ခွဲစစ်ဆေးမှုများအရ အတည်ပြုလူနာသစ် ၂၅၄ ဦးထပ်မံတွေ့ရှိခဲ့ရသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ မေ ၁၀ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ မေ ၉ ရက်ည ၈ နာရီမှ ၁၀ ရက်ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၁၁၉၂ ခုအားစစ်ဆေးခဲ့ရာ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၅၄)ဦးကိုတွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှုရာ ခိုင်နှုန်းမှာ(၂ ဒသမ ၂၇)ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်(၁၉)သံသယလူနာများ၊ဓာတ်ခွဲအတည်ပြုလူနာနှင့်အနီးကပ်ထိတွေ့ခဲ့သူများနှင့်အသွားအလာကန့်သတ်ထားရှိသူများအား ကိုဗစ်(၁၉)ရောဂါရှိ/မရှိ ဓာတ်ခွဲစစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ဓာတ်ခွဲနမူနာပေါင်း(၁၀၄၇၃၃၁၃)ခုအားစစ်ဆေးခဲ့ပြီး ကိုဗစ်(၁၉)ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ(၆၃၆၆၄၂)ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင်သီးခြားထားရှိခြင်းနှင့်ဆေးရုံများတွင်သီးခြားထားရှိကုသမှုပေးခြင်းများဆောင်ရွက်ခဲ့၍ ယနေ့အထိပြန်လည်ကောင်းမွန်လာသူ(၆၁၅၅၁၄)ဦးရှိပြီဖြစ်ကာ မေ ၁၀ ရက်ကရောဂါကြောင့် သေဆုံးသူ ၁ ဦးရှိ၍ ယနေ့အထိသေဆုံးသူ(၁၉၄၉၃)ဦးရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here