အာဆီယံခေါင်းဆောင်များကမြန်မာ့အရေးအတွက် အလွန်စိုးရိမ်၊အကြမ်းဖက်မှုချက်ချင်းရပ်တန့်ရန်တိုက်တွန်း

0
237

လဘူးရန်းဘာဟို၊မေ ၁၀

အာဆီယံအနေဖြင့် မြန်မာနိုင်ငံ၌ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများနှင့်အကြမ်းဖက်မှုများအတွက် အလွန်စိုးရိမ်ကြောင်းနှင့် ရှမ်းပြည်နယ်၌ အကူအညီလာ‌ပေးသည့်ကုလကိုယ်စားလှယ်ယာဥ်တန်းတိုက်ခိုက်ခံရမှုကိုလည်း ရှုံ့ချကြောင်းပြောကြားခဲ့သည်။

“မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေကို အထူးစိုးရိမ်မိပြီး အကြမ်းဖက်မှုပုံစံအားလုံးနဲ့ အင်အားအသုံးပြုမှုတွေကို ချက်ချင်းရပ်ပစ်ဖို့တိုက်တွန်းလိုက်ပါတယ်” ဟု အာဆီယံက မေလ ၁၀ ရက်တွင်ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

ယင်းနောက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကို အချိန်မီဘေးကင်းစွာ ပို့န်ုင်ရန်နှင့် သက်ဆိုင်သူအားလုံးပါဝင်သော ဆွေးနွေးပွဲများပြုလုပ်နိုင်စေမည့် အခြေအနေ တစ်ရပ်ကို လည်းတောင်းဆိုခဲ့သည်။

အင်ဒိုနှင့်စင်္ကာပူက အာဆီယံကိုယ်စားလှယ်ယာဉ်တန်းတိုက်ခိုက်ခံရခြင်းအား ရှုံ့ချခဲ့သော်လည်း ကိုယ်စားလှယ်များထိခိုက်ဒဏ်ရာရရှိမှုမျိုးမဖြစ်ခဲ့ကြောင်းပြောကြားခဲ့သည်။

Source : CNA


LEAVE A REPLY

Please enter your comment!
Please enter your name here