ပိုက်ကျော်ခြင်းနှင့်ဘိလိယက်အားကစားနည်းတို့မှ ရွှေတံဆိပ် ၃ ခုအပါအဝင် ဆုတံဆိပ် ၈ ခုထပ်မံဆွတ်ခူးပေး

0
259

ကမ္ဘောဒီးယားနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသည့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း)တွင် ဝင်ရောက်ယှဥ်ပြိုင်လျက်ရှိသည့် မြန်မာအားကစားအဖွဲ့သည် မေ ၁၀ ရက်ကယှဥ်ပြိုင်ကစားခဲ့သည့် ပြိုင်ပွဲများအနက် ပိုက်ကျော်ခြင်းနှင့်ဘိလိယက်အားကစားနည်းတို့မှ ရွှေတံဆိပ် ၃ ခုအပါအဝင် ဆုတံဆိပ် ၈ ခုထပ်မံဆွတ်ခူးပေးခဲ့သည်။

ရွှေတံဆိပ်ဆုများအား ပိုက်ကျော်ခြင်းကစားနည်း၏ Hooptakraw ကွင်းသွင်းခြင်း (အမျိုးသား)၊ Hooptakraw ကွင်းသွင်းခြင်း (အမျိုးသမီး)၊ ဘိလိယက်အားကစားနည်း၏ Balls pool Men’s Singles တို့မှ ဆွတ်ခူးပေးခဲ့ခြင်းဖြစ်သည်။

ခွန်ခမာ၊ ကြက်တောင်၊ ဝူရှုး အားကစားနည်းမှ ငွေတံဆိပ် ၁ ခုစီ၊ ဝူရှုးနှင့် ခရစ်ကတ် အားကစားနည်းမှ ကြေးတံဆိပ် ၁ ခုစီတို့ကိုလည်း မြန်မာ့လက်ရွေးစင်အား ကစားသမားများက ဆွတ်ခူးပေးနိုင်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မြန်မာ့လက်ရွေးစင်အားကစားအဖွဲ့သည် မေ ၁၀ ရက်ပြိုင်ပွဲများပြီးဆုံးချိန်အထိ
ဗိုဗီနမ်မှ ရွှေ(၄)ခု၊ ငွေ(၃)ခု၊ ကြေး(၁၇)ခု
ခွန်ဘိုကာတာမှ ရွှေ(၁)ခု၊ ငွေ(၂)ခု၊ ကြေး(၆)ခု
ခြင်းလုံးမှ ရွှေ(၄)ခု၊ ငွေ(၃)ခု၊ ကြေး(၁)ခု
ဘိလိယက်နှင့်စနူကာမှ ရွှေ(၂)ခု၊ ကြေး(၁)ခု
ကွင်းသွင်းပိုက်ကျော်ခြင်းမှ ရွှေ(၂)ခု
ပီတန်းမှ ရွှေ(၁)ခု
ဝူရှူးမှ ငွေ(၁)ခု၊ ကြေး(၁)ခု
ခွန်ခမာမှ ငွေ(၁)ခု၊ ကြေး(၁)ခု
ကြက်တောင်မှ ငွေ(၁)ခု
စစ်တုရင်မှ ကြေး(၂)ခု
ပြေးခုန်ပစ်မှ ကြေး(၁)ခု
ခရစ်ကတ်မှ ကြေး(၁)ခု

စုစုပေါင်း ရွှေတံဆိပ် ၁၄ ခု၊ ငွေတံဆိပ် ၁၁ ခု၊ ကြေးတံဆိပ် ၃၁ ခု(စုစုပေါင်း ၅၆ ခု)ဆွတ်ခူးထားပြီးဖြစ်ကြောင်း သိရသည်။

မေ ၁၁ ရက်(ယနေ့)တွင်လည်း မြန်မာ့လက်ရွေးစင်အားကစားသမားများသည် ဝူရှူး၊ E-Sports ၊ဘော်လီဘော၊ ခွန်ခမာ၊ ခရစ်ကက်၊ ပိုက်ကျော်ခြင်း၊ပြေးခုန်ပစ်၊ ဘိလိယက် အားကစားနည်းများအားဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here