နှစ်နိုင်ငံကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် မြန်မာဝန်ကြီး(၂) ဦးနှင့် ဆော်ဒီသံအမတ်တို့ဆွေးနွေး

0
549

ဆော်ဒီ – မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်နိုင်ရန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့နှင့် မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီသံအမတ်ကြီး မစ္စတာ ဆာအု(ဒ်)ဘင် အဗ္ဗဒူ(လ်) လာ အယ်လ်စုဘိုင်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဆော်ဒီသံအမတ်တို့မှာ မေ (၁၀) ရက်နံနက် (၁၁) နာရီက တွေ့ဆုံကာ မြန်မာနိုင်ငံနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့ကြား ရှိရင်းစွဲနှစ်နိုင်ငံ ဆက်ဆံရေးပိုမိုမြှင့်တင်ကာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများအပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် အပြန်အလှန်နားလည်မှု၊ ထောက်ခံမှုများဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

အလားတူ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့်လည်း မေ (၁၀) ရက် နံနက် (၁၀) နာရီက တွေ့ဆုံခဲ့ပြီး မြန်မာ-ဆော်ဒီ နှစ်နိုင်ငံကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးတိုးတက်ခိုင်မာရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးကဏ္ဍများအပါအဝင် နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေးကိစ္စများ ဆွေးနွေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here