ရွေးကောက်ပွဲကော်မရှင်က ငြင်းပယ်လိုက်သည့်ဝံသာနုပါတီ

0
627

ဝံသာနုပါတီ၏ ပါတီတည်ထောင်ခွင့် လျှောက်ထားမှုကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိသည့်အတွက်ဟုဆိုကာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ငြင်းပယ်ခဲ့ကြောင်း သိရသည်။

ဝံသာနုပါတီ၏ ပါတီတည်ထောင်ခွင့် လျှောက်ထားမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ စိစစ်ပြန် ကြားချက်များအရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ (၆)ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိကြောင်း တွေ့ရှိရသဖြင့် ပါတီတည်ထောင်ခွင့် လျှောက်ထားချက်ကို ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း UEC က သတင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ငြင်းပယ်မှုနှင့်ပတ်သက်၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ (၆)ပါ မည်သည့်အချက်နှင့် ငြိစွန်းကြောင်းကိုမူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်း မရှိပေ။

လက်ရှိအချိန်တွင် နိုင်ငံရေးပါတီတည်ထောင်ရန် လျှောက်ထားသည့် ပါတီ (၁၃) ခုအနက် ပါတီ (၅) ခုကို တည် ထောင်ခွင့်ပြုထားပြီး တစ်ခုကို ငြင်းပယ်ကာ ကျန် (၇) ပါတီ၏ ပါတီတည်ထောင်ခွင့်လျှောက်ထားမှုများကို  ဆက်လက် စိစစ်နေကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here