YBS ယာဉ်များကို EV Bus များဖြင့် ပြောင်းလဲပြေးဆွဲရန် Pilot Project လုပ်ဆောင်မည်

0
202

ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် YBS ယာဉ်များကို EV Bus များဖြင့် ပြောင်းလဲပြေးဆွဲနိုင်ရန် Pilot Project အနေဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း YRTC မှတွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) မှ ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲအခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ မော်ဒယ်နိမ့် EV Bus ကားတွေ အစားထိုးပြေးဆွဲဖို့အတွက် Pilot Project အနေနဲ့ ဆောင်ရွက်သွားဖို့ရှိပါတယ်။ EV Bus အတွက် လိုင်းစနစ်တကျနဲ့ ပြေးဆွဲနိုင်ဖို့ မကြာခင် Survey လုပ်သွားဖို့ရှိပါတယ်။ လက်ရှိ YBS ကားနေ ရာတွေမှာ အစားထိုးသွားမှာပေါ့။ စက်သုံးဆီတွေ၊CNG တွေရှားပါးလာရင် EV Bus တွေနဲ့ ပြေးဆွဲပေးသွားဖို့ပေါ့။ EV ကုမ္ပဏီတွေလာပြီး မိတ်ဆက်တာတွေရှိပါတယ်။ သူက တစ်စီးကို ဒေါ်လာသုံးသိန်းလောက်တန်တယ်။ အဲဒီအတွက် ကျွန်တော်တို့က သင့်တင့်မျှတတဲ့ ယာဉ်စီးခသတ်မှတ်ရမယ်။ ရင်းနှီးမြှုပ်နှံမှု ပြန်ရရမယ်။ Youtong ကုမ္ပဏီနဲ့ EV survey လုပ်သွားဖို့ရှိပါတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် Pilot Project အနေဖြင့် ကုမ္ပဏီ (၉) ခုမှ လျှပ်စစ်ကားများ တင်သွင်းနေပြီး ကုမ္ပဏီအလိုက် အစီးရေ (၁၀) စီးစီ တက္ကစီအဖြစ် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

အစိုးရအနေဖြင့် ၂၀၅၀ ပြည့်နှစ် မတိုင်မီတွင် မြန်မာတစ်ပြည်လုံး အတိုင်းအတာဖြင့် လျှပ်စစ်ကားများကိုသာ အ သုံးပြုမည်ဟု ရည်မှန်းထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here