နူးဂျာစီပြည်နယ်ရှိ နေအိမ်တစ်ခုပေါ်သို့ ဥက္ကာခဲ ပြုတ်ကျ

0
231

နူးဂျာစီပြည်နယ်၊ ဟုတ်ပ်ဝဲလ် မြို့နယ်ရှိ နေအိမ်တစ်ခု​၏ ခေါင်မိုးပေါ်ကို ဥက္ကာခဲတစ်ခု ထိမှန်ခဲ့သည်ဟု ယူဆရကြောင်း အာဏာပိုင်များက မေလ ၈ ရက် တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

အာဏာပိုင်များ​၏ ပြောဆိုချက်အရ အဆိုပါ ဥက္ကာခဲသည် အိမ်ခေါင်မိုးသို့ ရုတ်တရက်ဆိုသလို ဖောက်ဝင်လာပြီး အိမ်​၏ အိပ်ခန်းတစ်ဝိုက် လွင့်စင်ကျလာခဲ့ကြောင်း သိရသည်။ ဥက္ကာခဲ ပြုတ်ကျလာစဉ် ထိုအိပ်ခန်းအတွင်း မည်သူမျှ ရှိမနေသောကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ပေ။

ရဲအရာရှိများသည် အဆိုပါဥက္ကာခဲအား လတ်တလော ဖြစ်ပွားနေသော အဲတား အာကွာရစ်ဒ် ဟု ခေါ်သည့် ကြယ်ကြွေခြင်း ဖြစ်ရပ်နှင့် ဆက်စပ်နေသည်ဟု ယူဆထားသော်လည်း စေ့စေ့စပ်စပ် သိရှိနိုင်ရန်အတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

မိသားစုဝင် တစ်ဦးဖြစ်သည့် ဆူဇီ ကော့ပ်က ဥက္ကာခဲသည် သူ့အဖေ​၏ အိပ်ခန်းထဲသို့ ပြုတ်ကျခဲ့ခြင်းပြီး သွားရောက်စမ်းကိုင်ကြည့်ရာ နွေးနွေးလေး ဖြစ်နေသည်ကို ခံစားခဲ့ရကြောင်း ပြောလာသည်။

နူးဂျာစီရှိ ရဲများက ဥက္ကာခဲသည် တနင်္လာနေ့ ညနေ ၁ နာရီ ၁၅ မိနစ်ခန့်တွင် ပြုတ်ကျလာခြင်း ဖြစ်ပြီး အလေးချိန်မှာ လေးပေါင်ခန့် ရှိသည်ဟု ဆိုသည်။

နေအိမ်ပေါ်သို့ ဥက္ကာခဲ ပြုတ်ကျလာပြီး ထိတွေ့ကိုင်တွယ်ခွင့်ရခြင်းသည် အလွန်ရှားပါးသော ဖြစ်စဉ်ဖြစ်ပြီး ထိုသို့သောဖြစ်ရပ်မျိုးမှာ သမိုင်းတစ်လျှောက် အကြိမ်ရေ အနည်းငယ်သာ ရှိခဲ့ဖူးကြောင်း ဖရန့်ကလင်း သိပ္ပံပြတိုက်မှ နက္ခတ္တဗေဒပညာရှင်ကြီးက ဆိုသည်။ ထို့ပြင် အဆိုပါဥက္ကာခဲသည် နှစ်ပေါင်း ၄ ဘီလျံမှ ၅ ဘီလျံအထိ သက်တမ်းရှိနိုင်သည်ဟု သူက ပြောလာသည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here