ဘားအံမြို့တွင် နေအိမ်အတွင်း မိုးကြိုးစက်ကွင်းမိ၍ အမျိုးသမီးငယ် နှစ်ဦးဒါဏ်ရာရ

0
277

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် နေအိမ်အတွင်း မိုးကြိုးစက်ကွင်းမိ၍ အမျိုးသမီးငယ် နှစ်ဦးဒါဏ်ရာရရှိမှု ယမန်နေ့ မေလ ၁၀ ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဘားအံမြို့၊ ဆယ်အိမ်စုအနောက်ကိုင်းရှိ နေအိမ်တစ်လုံးသည် ယမန်နေ့ည ၇ နာရီ ၃၀ မိနစ်ကမိုးကြိုးစက်ကွင်းမိ၍ အိမ်သုံးလျှပ်စစ်ပစ္စည်းများ လျှပ်စီးပြီးပွင့်ထွက်ရာမှ အမျိုးသမီးငယ် (၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်။

” သူတို့အိမ်က မိုးကြိုးစက်ကွင်း မိသွားတာ၊ အဲ့ဒီမှာ အိမ်သုံးလျှပ်စစ်မီးကနေ ပေါက်ကွဲပြီး ထိသွားတဲ့ သဘောပါ” ဟု မာဃလူမှုကူညီရေးအသင်းမှ တာ၀န်ရှိသူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။

အ‌ဆိုပါဖြစ်စဉ်ကြောင့် ‌အမျိုးသမီးငယ် (၂) ဦး၏ မျက်နာတွင် ဒါဏ်ရာအနည်းငယ် ရရှိခဲ့သည့်အတွက် ဘားအံပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူရန်ပို့ဆောင်ပေးခဲ့ရပြီး နေအိမ်သို့ပြန်လည်ပို့ဆောင် ကူညီပေးခဲ့ကြောင်းသိရသည်။

Photo – Marga Ambulance & Rescue Service


LEAVE A REPLY

Please enter your comment!
Please enter your name here