မိုးရွာသွန်းနေချိန် ကုန်တင်ကား စလစ်ဖြစ်ပြီး ခရီးသည်အတင်အချပြုလုပ်နေသည့် YBS ကို ဝင်တိုက်

0
173

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းနှင့်သန္တာလမ်းထိပ်တွင် ကုန်ကားတစ်စီးမှ စလစ်ဖြစ်ကာ YBS ယာဉ်ကို ဝင်တိုက်သည့် ဖြစ်စဉ်တစ်ခု ယနေ့မေ (၁၁) ရက် နံနက် (၁၁) နာရီ (၁၅) မိနစ်ကျော်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် လူမှုကူညီရေးအသင်းများမှ သိရသည်။

ဝင်တိုက်မိသည့် အရှိန်ကြောင့် ကုန်တင်ကားမောင်းသူသည် ကားခေါင်းခန်းအတွင်း ညပ်နေသဖြင့် မြောက်ဥက္ကလာပမြို့နယ် မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

ထို့ကြောင့် မိနစ်အနည်းငယ်အကြာ၌ ကားခေါင်းခန်းအတွင်းညပ်နေသည့် ကုန်တင်ကားမောင်းသူအား ကယ်ထု တ်နိုင်ခဲ့ပြီး ဘယ်ဘက်ပေါင်ရိုးကျိုး ဒဏ်ရာရရှိခဲ့သဖြင့် ထာဝရအလင်းတန်းလူမှုကူညီရေးအသင်းကားဖြင့် မြော က်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here