သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက သက်ကြီးရွယ်အိုနှင့် မသန်စွမ်းများအား ဦးစားပေးရွှေ့ပြောင်းနိုင်ရေး ကြိုတင်စီမံထားရန် ရန်ကုန်တိုင်းဝန်ကြီးချုပ် ညွှန်ကြား

0
202

ဘင်္ဂလားပင်လယ်အော်၌ ဖြစ်ပေါ်နေသည့် မုန်တိုင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရေးနှင့် ပတ်သက်၍ ရန်ကုန်တိုင်းသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းက မှာကြားခဲ့ခြင်း ဖြစ်သည်။

မိုးဇလ၏ ခန့်မှန်းချက်အရ မုန်တိုင်းတိုက်ခတ်လာပါက ကြိုတင်ပြင်ဆင်ရေး၊ တုံ့ပြန်နိုင်ရေးတို့အတွက် နယ်မြေအတွင်း တစ်အိမ်ထောင်ချင်း၊ တစ်ဦးချင်းအထိ မုန်တိုင်းသတင်းသိရှိရေးအတွက် ရပ်ကွက်/ကျေးရွာများအထိ အသံချဲ့စက်ဖြင့် နေ့စဉ်သတင်းချပြရန်လည်း မှာကြားထားကြောင်း သိရသည်။

ထို့အပြင် လိုအပ်သောရွှေ့ပြောင်းမှု၊ အစားအစာ၊ ရိက္ခာစုဆောင်းမှုတို့အား ကဏ္ဍအလိုက်ဆောင်ရွက်ကာ မုန်တို င်းတိုက်ခတ်ချိန်တွင် သန့်ရှင်းသောသောက်သုံးရေရရှိရေးအတွက် တစ်အိမ်ချင်းစုဆောင်းရေး၊ စက်၊ ယာဉ် ၊ ယန္တရားများ၊ ရေသန့်စင်ပစ္စည်းများ၊ ရေသန့်ဆေးများနှင့်စားနပ်ရိက္ခာ ပြတ်လပ်မှုမရှိစေရန်လည်း ကြိုတင်စီမံထားရရန် တာဝန်ရှိသူများကို မှာကြားထားကြောင်း သိရသည်။

“အဓိကအချက်က ကြိုတင်ကာကွယ်ရေးဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်မဖြစ်ခင် ကြိုတင်ရွှေ့ပြောင်းရမယ့်နေရာတွေ သတ်မှတ်တာ၊ သက်ကြီးရွယ်အိုနဲ့မသန်စွမ်းတွေကို ဦးစားပေးရွှေ့ပြောင်းနိုင်ဖို့စီမံတာ၊ သီးနှံတွေအမိုးအကာအောက်ကို ကြိုတင်ရောက်ရှိဖို့တွေကိုလည်း ကြိုတင်ဆောင်ရွက်ထားကြရပါမယ်”ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းက ပြောသည်။

ထို့ပြင် သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက ပျက်စီး ဆုံးရှုံးမှုလျော့နည်း ကျဆင်းအောင် ကြိုတင်ကာကွယ် ရေးဆိုင်ရာလုပ်ငန်းများ၊ ရှာဖွေကယ်ဆယ်ရေး၊ တုံ့ပြန်ဆောင်ရွက်ရေး၊ ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်း စဉ်များကို ကြိုတင်စီမံဆောင်ရွက်ထားသည့်အတိုင်း အဆိုးဆုံးအခြေအနေကို မျှော်မှန်း၍ အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ရမည်ဟုလည်း သက်ဆိုင်ရာ တာဝန်ရှိသူများအား မှာကြားထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here