ဥရောပ – မြန်မာ ကုန်သည်စက်မှု အသင်းချုပ်များပူးပေါင်းဆောင်ရွက်ရေးမြှင့်တင်ရန်ဆွေးနွေး

0
255

မြန်မာနိုင်ငံရှိ လျှပ်စစ်မီးအခက်အခဲများနှင့် ဘဏ်မူဝါဒဆိုင်ရာကိစ္စများအပါအဝင် စီးပွားရေးအခြေအနေများကို ဥရောပ – မြန်မာကုန်သည်စက်မှု အသင်းချုပ်များမှ ၊ မေလ (၁၀) ရက်တွင် နှစ်ဖက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

မြန်မာနိုင်ငံအခြေစိုက် Euro Chamber of Commerce in Myanmar ဥက္ကဋ္ဌ ဖြစ်သူ Mr. Adrian Short ၊ CEO ဖြစ်သူ Ms.Karina Ufert နှင့် အဖွဲ့ဝင်များသည် မြန်မာနိုင်ငံရှိ စီးပွားရေးဆိုင်ရာ အခြေအနေများ၊အခက်အခဲများ၊ စိန်ခေါ် မှုများနှင့် စပ်လျဉ်း၍ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်း၊တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေများနှင့် စပ်လျဉ်း၍ EuroCham Myanmar မှ သုတေသနစာတမ်းပြုလုပ်ထားခြင်းကို တင်ပြလာခဲ့ပြီး အဓိက အခက်အခဲများအနေဖြင့် ဘဏ်ကိစ္စရပ်များ၊ Regulatory Challenges၊ လျှပ်စစ်မီးပြတ်တောက်မှုများတွင် အခက်အခဲများ ကြုံတွေ့လျက်ရှိကြောင်းကို စစ်တမ်းများအရ ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။

ကုန်သည်စက်မှု အသင်းချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကလည်း မြန်မာနိုင်ငံတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လာစေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးအတွက် လုပ်ငန်းကဏ္ဍအသီးသီးတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို သက်ဆိုင်ရာဝန်ကြီး ဌာန၊ ကော်မတီများသို့ ဆက်လက်တင်ပြပေးသွားမည်ဖြစ်ကြောင်း၊ မှန်ကန်သည့်သတင်းအချက်အလက်များရရှိရေး၊ EuroCharm နှင့် အသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အစည်းအဝေးသို့ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်း၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဒေါက်တာ ဝင်းစည်သူနှင့် ဦးဆန်းလင်း၊ အထွေထွေအတွင်း ရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ တွဲဖက်အထွေထွေ အတွင်းရေးမှူးများဖြစ်ကြသော ဦးကျော်ဒေဝ ၊ ဒေါ်သူဇာဝင်း၊ အမှုဆောင်အရာရှိချုပ် ဒေါက်တာဇော်ဌေး၊ IR Advisor ဦးတင့်ဆွေတို့ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

EuroCham Myanmar တွင် အသင်းဝင် ကုမ္ပဏီပေါင်း ၁၄၀ ကျော် ရှိပြီး မြန်မာနိုင်ငံတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here