အင်္ဂါဂြိုဟ်ပေါ်တွင် ခန်းခြောက်နေသည့် မြစ်များ ရှာဖွေတွေ့ရှိ

0
179

နာဆာ၏ အင်္ဂါဂြိုဟ်ပေါ်သွားယာဉ်သည် ယင်းဂြိုဟ်ပေါ်တွင် ယခင်ကရှိခဲ့ဖူးသော်လည်း ယခုအခါတွင် ခန်းခြောက်နေပြီဖြစ်သည့် မြစ်ကြမ်းပြင်များကို ရှာဖွေတွေ့ရှိခဲ့သည်။ ယင်းမြစ်များသည် ယခင်က ရေအမြောက်အများ အရှိန်အဟုန်ဖြင့် စီးဆင်းခဲ့ကြောင်း မြစ်ရေတိုက်စားမှုဒဏ်ကို ခံခဲ့ရသည့် မြစ်ကြမ်းပြင်မှ ကျောက်သားများကို လေ့လာခြင်းအားဖြင့် သုတေသီတို့ သိရှိကြသည်။

“အဲဒီ မြစ်ကြမ်းပြင်ကျောက်သားတွေဟာ ရေတွေအင်အားကောင်းစွာစီးဆင်းခဲ့တဲ့ မြစ်တွေတည်ရှိခဲ့တယ်ဆိုတာကို ညွှန်ပြနေပါတယ်”ဟု နာဆာ၏ Jet Propulsion Laborator မှ ပါရဂူဘွဲ့လွန်သုတေသနပညာရှင် Libby Ives က ပြောသည်။

“ရေစီးအားကောင်းခဲ့တာကြောင့် ကြီးမားတဲ့အရာတွေကို တိုက်စား သယ်ဆောင်သွားနိုင်ကြမှာပါ”ဟုလည်း သူကပြောသည်။

Ref: Perseverance rover spies signs of ancient raging rivers on Mars


LEAVE A REPLY

Please enter your comment!
Please enter your name here