အိန္ဒိယ၌ လူနာကဆရာဝန်အားဓားဖြင့်ထိုး၊ဆရာဝန်သေဆုံး

0
227

အိန္ဒိယနိုင်ငံတောင်ပိုင်း ကဲရာလာပြည်နယ်၌ ဒဏ်ရာရသဖြင့် ဆေးကုသမှုခံယူရန်ရောက်လာသည့် အရက်မူးနေသူအမျိုးသားက ဓားဖြင့်တိုက်ခိုက်မှုကြောင့် အသက် ၂၂ နှစ်အရွယ် ဆရာဝန်အမျိုးသမီးတစ်ဦးသည် ဒဏ်ရာ အများအပြားရကာ သေဆုံးခဲ့ကြောင်းသိရသည်။

အသက် ၄၂ နှစ်အရွယ်ရှိ အဆိုပါအမျိုးသားသည် မူးယစ်ဆေးစွဲနေသဖြင့် တာဝန်မှရပ်နားခံထားရသည့် ကျောင်းဆရာတစ်ဦးဖြစ်ပြီး မူးယစ်ဆေးပြတ်စေရန်ကုသမှုခံယူနေရသူတစ်ဦးလည်းဖြစ်သည်။

ရဲအရာရှိများ၏ပြောကြားချက်အရ အဆိုပါအမျိုးသားသည် ၎င်း၏ နေအိမ်၌ မိမိကိုယ်ကိုမိမိ ထိခိုက်အောင်လုပ်သဖြင့် ဒဏ်ရာရရှိသွားသောကြောင့် ရဲများက ဆရာဝန်ထံလာပို့ရာမှ ယခုအမှုအားကျူးလွန်ခဲ့ခြင်းလည်းဖြစ်သည်ဟုသိရသည်။

အနာအားဆေးထည့်သန့်စင်ပြီးချိန်၌ အဆိုပါအမျိုးသားသည် ခွဲစိတ်ခန်းသုံးကတ်ကြေးဖြင့် ဆရာဝန်မအားတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဆရာဝန်မ၏ ခေါင်း၊လည်ပင်းနှင့်ကျောရိုးတို့တွင်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ယင်းနောက် အဆိုပါအမျိုးသားအား လုံခြုံရေးဝန်ထမ်းများနှင့် အနီးမှလူများက ဝိုင်းဖမ်းပေးခဲ့ပြီးအခင်းဖြစ်ဖြစ်ချင်းပင် ဆရာဝန်မအားအရေးပေါ်ကုသမှုပေးခဲ့သော်လည်း အသက်မမီခဲ့ကြကြောင်းသိရသည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here