ပတ္တမြားကေခိုင်၊ မေကဗျာတို့ သူငယ်ချင်းတွေရဲ့ ဗု ဒ္ဓ ဂ ယာ ခ ရီး

0
178

14958866_1344526182224827_434990579_n-copy

ဗုဒ္ဓဂဟာကို အောက်တိုဘာလ ၁၂ရက်နေ့က မေကဗျာနဲ့ ချမ်းချမ်းမွန်တို့ အပါအဝင် ချစ်သူငယ်ချင်း တွေနဲ့အတူ ပတ္တမြားကေခိုင်ဟာ ဘုရားဖူးခရီးစဉ်ထွက်   ဖြစ်ခဲ့ပါတယ်။ ဒီခရီးစဉ်က တစ်ပတ်ကြာ မြင့်ခဲ့ပြီး ခရီး ကနေ စိတ်အေးချမ်းမှုတွေရရှိခဲ့တယ်လို့ ပြောပါတယ်။

“၇ ညအိပ် ၈ ရက်တာ အတောအတွင်းမှာတော့ ကုသိုလ် စိတ်တွေပဲများခဲ့တယ်။ လူကလည်းအကုန်လုံးကို စိတ်ပိုင်းဖြတ်ထားပြီး အကုန်လုံးကိုမေ့ထားတယ်။ ဘုရား၊ တရားကိုပဲ အဓိကထားလုပ်ဖြစ်တယ်။ စိတ် လည်းငြိမ်းချမ်းမှုရတယ်။ ငြိမ်းချမ်းမှုရတယ်ဆိုတာ ထက် အစ်မက ယုံကြည်တယ်။ အစ်မက ဘာသာ ရေး စာအုပ်တွေဆိုရင် ၄တန်း၊ ၅တန်းလောက်ကတည်းက ဖတ်ဖြစ်တယ်။ ဖတ်ဖြစ်တော့ ဘယ်နေရာမှာ ဘာလုပ် တယ်၊ ဘာရှိတယ်ဆို တာကို သိနေခဲ့တယ်။

14962451_1344530215557757_1513428430_n-copy

အဲဒီတော့ ကိုယ်စာထဲမှာဖတ်ခဲ့ဖူးတဲ့ နေရာကို ကိုယ်တကယ် ရောက်ရတယ်ဆိုတဲ့ ဖီလင်က တော်တော်ကို ထူးခြားပါ တယ်။ အဲဒီအတွက်လည်း ကိုယ့်ဘာသာ ကိုယ် ပီတိဖြစ် တယ်။ ပြီးတော့ အဲဒီမဇ္ဈိမဒေသကို ရောက်သွားတဲ့ သူတွေက ထူးခြားတဲ့သူတွေပါ။ နိဗ္ဗာန်ရဖို့အတွက်ကို ပါရမီပါကြပြီးသား လူတွေဖြစ်တယ်လို့ေ တာင် အစ်မက ပြောချင် တယ်။ အများကြီး ရောက်နေတာပဲလို့တော့ မစဉ်းစားနဲ့လေ။ ကမ္ဘာမှာရှိတဲ့ လူဦးရေနဲ့ယှဉ်ကြည့်လိုက်။ အဲဒီအခါကျ တအား နည်းတယ်။ ပြီးတော့ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာ ဖြစ်ခွင့်ရတဲ့သူတွေ အကုန်လုံးပေါ့လေ။ ဒီလို တရားစကားကြားနာရတယ် ဆိုတာ က ပါရမီပါပြီးသားသူတွေဖြစ်တယ်။

ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုထားပါ။ ယုံကြည်မှုထားပြီးတော့ ဘဝကိုဖြတ်သန်းပါ။ အဲဒီအခါကျရင် ငြိမ်းချမ်းလိမ့်မယ်။ ကောင်းလိမ့်မယ်” လို့ ခရီးစဉ် ကအပြန် သူရရှိခဲ့တဲ့ စိတ်အေးချမ်းမှုနဲ့ပတ်သက်လို့ ပတ္တမြား ကေခိုင်က ပြောပြပါတယ်။ ဗုဒ္ဓဂယာကိုသွားရောက်ကြမယ့် ဘုရား ဖူးတွေအတွက် ဘယ်လိုအကြံ ဥာဏ်ပေးချင်လဲလို့ ဆက်မေး တော့..

“Tissue Paper  လုံလုံ လောက်လောက်ယူသွားပါ။MPT  ကောင်းကောင်းမိတယ်။ဟိုရောက်တော့ အိန္ဒိယ ကတ်ဝယ်တယ်။ ဒါပေမဲ့ အိန္ဒိယကတ်က လုမ္ဗနီသွားတော့ နီပေါနယ်ထဲရောက်တော့ သုံးလို့မရတော့ဘူး။MPT ကတ်က ကျတော့ နီပေါထဲရောက်တော့လည်း နီပေါ Roaming  နဲ့ လိုင်းတက်တယ်။ အိန္ဒိယထဲကျတော့လည်း အိန္ဒိယ Roaming  နဲ့လိုင်းတက်တယ်။ပိုက်ဆံတော့ ဘယ်လောက် ဖြတ်မလဲ မသိဘူး။ အရေးတကြီးဆက်သွယ် စရာရှိရင်တော့ရတယ်။ အစ်မတို့ အခုသွားတဲ့အချိန်က အနွေးထည် အဲဒီလောက်မလို သေးဘူး။ ဒီဇင်ဘာ၊ ဇန်နဝါရီလဆိုရင် ခြေအိတ်တွေ၊ လက် အိတ်တွေနဲ့တောင် မရဘူးလို့  ပြော တယ်။ ဆေးဝါးတွေတော့ ယူသွားပါ။ ဟိုမှာက ဆေးပေးဆေးခန်းက ဘာမှမရှိဘူး။ ပြီးတော့ ကိုယ်စားသောက်တတ်တဲ့ အစားအသောက်တွေကိုယူ သွားပါ။ မုန့်ဆိုင်တွေ ဘာတွေမရှိဘူး” လို့ သူက ပြောပြပါ တယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here