ဘေးအန္တရာယ်ကျရောက်နိုင်ခြေ မြင့်မားသည့် အနီရောင်အဆင့်ဒေသများအဖြစ် သတိပေးကြေညာချက်ထုတ်ပြန်

0
222

မေလ (၁၄) ရက်နေ့တွင် အားအလွန်ကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြိုနှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့အကြား စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းထားပြီး ဘေးအန္တရာယ်ကျရောက်နိုင်ခြေမြင့်မားသည့် အနီရောင်အဆင့် ဒေသများအဖြစ် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီမှ သတိပေးထုတ်ပြန်ထားသည်။

အဆိုပါ မိုခါမုန်တိုင်းသည် နောက် (၄၈) နာရီအတွင်း တစ်နာရီ မိုင် (၁၀၀) ကျော် လေတိုက်နှုန်းနဲ့ ကုန်းတွင်းပိုင်းကို ဖြတ်သန်းဝင်ရောက်မှာဖြစ်ပြီး မုန်တိုင်းလမ်းကြောင်းပေါ်ရှိ ဒေသအချို့မှ ပြည်သူ သန်းနှင့်ချီကာ မုန်တိုင်းဒဏ်ခံရနိုင်ခြေရှိနေခြင်း ဖြစ်သည်။

အမြင့်ဆုံး လေတိုက်နှုန်းဖြင့် တိုက်ခတ်မှုကြောင့် ဘေးအန္တရာယ်ကျ‌ရောက်နိုင်ခြေ အမြင့်မားဆုံးသော ဒေသများမှာ စစ်တွေမြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ မောင်တောမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ မြေပုံမြို့နယ် ၊ ပေါက်တောမြို့နယ်နှင့် မာန်အောင်မြို့နယ်တို့ဖြစ်ကြောင်း ယနေ့ ညနေပိုင်း ထုတ်ပြန်သည့် နစက၏ ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါဒေသများသည် ဘေးအန္တရာယ်ကျရောက်နိုင်ခြေမြင့်မားသည့် အနီရောင်အဆင့် ဒေသများအဖြစ် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ယနေ့ မေလ (၁၂) ရက် ညနေပိုင်းတွင် ထုတ်ပြန်သတိပေးထားခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here