သဘာဝဘေး အန္တရာယ်ကြုံတွေ့ရသည့် ပြည်သူများအတွက် စားအုန်းဆီများကို ဈေးနှုန်းသက်သာစွာ ရောင်းချပေးမည်

0
226

မုန်တိုင်းဖြတ်ကျော် ဝင်ရောက်နိုင်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့တွင် နေထိုင်သည့် ပြည်သူများအတွက် သက်သာသော ဈေးနှုန်းဖြင့် စားအုန်းဆီရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ အသိပေးထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံအတွင်းသို့ ရခိုင်ကမ်းခြေမှ တဆင့် ဖြတ်ကျော်ဝင်ရောက်မည့် မိုခါမုန်တိုင်း‌သည် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မကွေး၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးများရှိ ဒေသအချို့သို့ ဖြတ်ကျော်တိုက်ခတ်မည်ဖြစ်သည့်အတွက် မုန်တိုင်းဖြတ်ကျော်မည့် လမ်းကြောင်းတစ်လျှောက်တွင်ရှိသော ပြည်သူများအနေဖြင့် စားဝတ်နေရေးတွင် အခက်အခဲမရှိစေရေးနှင့် စားသုံးဆီအတွက် စိတ်ပူပန်ကြောင့်ကြမှု မရှိစေရေးတို့အတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ယင်းကဲ့သို့ စီစဉ်ရောင်းချပေးခြင်း ဖြစ်ကြောင်း သိရသည်။

မုန်တိုင်းဒဏ်အများဆုံး ခံရနိုင်ခြေရှိသည့် ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ရှိ အသင်းခွဲများတွင် အရေးကြုံပါက စားသုံးဆီများ ပြတ်လပ်မှုမရှိစေရေးအတွက် အသင့်ပြင်ဆင်ထားကြောင်းလည်း အသိပေးထားသည်။

ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောဆိုင်ကလုန်း မုန်တိုင်း(Severe Cyclonic Storm) “မိုခါ(MOCHA)” သည် မြောက်ယွန်းယွန်းသို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “မိုခါ(MOCHA)”အဖြစ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း မိုး/ဇလမှ အသိပေးထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here