ဆူဒန်ပဋိပက္ခမှ နှစ်ဘက်စလုံးက အရပ်သားများကိုကာကွယ်ရန်ကတိပြု၊အပစ်အခတ်ရပ်စဲရေးလည်းဆက်ဆွေးနွေးမည်

0
239

ဆူဒန်‌၌ပဋိပက္ခဖြစ်‌နေသည့် နှစ်ဖက်အဖွဲ့များသည်မေ ၁၂ ရက်အစောပိုင်းက သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။

အဆိုပါသ‌ဘောတူညီချက်မှာ အရပ်သားများကို အကာအကွယ်ပေးရန်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးအပ်ရာ၌အဆင်ပြေစေရန်ပူး‌ပေါင်းခြင်းသာဖြစ်ပြီး အပစ်အခတ်ရပ်စဲရေးကိုမူ သဘောတူညီခြင်းမရှိသေးကြောင်းသိရသည်။

ယခုသဘောတူညီချက်သည် အမေရိကနှင့် ဆော်ဒီအာရေးဗျတို့၏ ကြားဝင်စေ့စပ်ပေးမှုအပြီး တစ်ပတ်အကြာ၌ ပြုလုပ်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။

ယခုသဘောတူညီချက်သည် အရပ်သားပြည်သူများအားကာကွယ်ရန် သဘောတူခဲ့ခြင်းသာဖြစ်ပြီး အပစ်အခတ်ရပ်စဲခြင်းမျိုးမဟုတ်ကြောင်းဆိုသည်။အရပ်သားပြည်သူများအတွက်မရှိမဖြစ်သည့် လျှပ်စစ်နှင့်ရေကဲ့သို့သောအရာများအား ပြန်လည်သုံးစွဲခွင့်ပြုမည်ဖြစ်ကာ ဆေးရုံဆေးခန်းများ၌ တပ်စွဲထားသည်များကို ရုပ်သိမ်းပေးမည်ဟုလည်းဆိုခဲ့သည်။

ဆူဒန်ပဋိပက္ခကြောင့် ယခုအချိန်အထိသေဆုံးသူ ၆၀၀ ခန့်ရှိကာ ၅,၀၀၀ ကျော်ထိခိုက်ဒဏ်ရာများရရှိကြကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကထုတ်ပြန်ထားသည်။

Source : ဝိုင်ယို


LEAVE A REPLY

Please enter your comment!
Please enter your name here