ထိုင်းကို ဂိုးပြတ် အနိိုင်ယူပြီး မြန်မာ အမျိုးသမီးအသင်း ဖိုင်နယ်တက်

0
315

၃၂ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ််အဖြစ်မြန်မာနှင့် ထိုင်းအသင်းတို့ ယနေ့ ယှဉ်ပြိုင်ကစားခဲ့ကြသည်။

ယနေ့ မေလ ၁၂ ရက်၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီ ၃၀ မိနစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ဖနွမ်းပင်မြို့ရှိ RCAF Old ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်ပြီး မြန်မာက ၄ ဂိုး၂ ဂိုးဖြင့် ထိုင်းအသင်းကို ဂိုးပြတ်အနိုင်ရခဲ့ကာ ဖိုင်နယ်သို့ တက်ရောက်သွားပြီဖြစ်သည်။

ထိုင်းအသင်းက ဂိုးဆောင်ဂိုး ၂ ဂိုး စတင်ရရှိခဲ့သော်လည်း မြန်မာအမျိုးသမီးအသင်းသည် စိတ်ဓာတ်မကျပဲ ကြိုးစားကစားခဲ့သည့်အတွက် ချေပဂိုးများနှင့် အနိုင်ဂိုးများကို ပြန်လည်သွင်းယူနိုင်ခဲ့သည်။

မြန်မာအသင်းအတွက် ဂိုးများကို ပွဲကစားချိန် ၄၃ မိနစ်တွင် ရူပါခိုင်၊ ၄၈ မိနစ်တွင် ၀င်းသိင်္ဂီထွန်း၊ ၅၃ မိနစ်တွင် စန်းသော်တာ၊ ၉၂ မိနစ်တွင် မြတ်နိုးခင်တို့က သွင်းယူပေးခဲ့သည်။

မြန်မာအသင်းသည် မေလ ၁၅ ရက်တွင် ဗီယက်နမ်နှင့် ဖိုင်နယ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here