One Championship မှာ ဒိုင်ပွဲရပ်နဲ့ ထပ်မံ အနိုင်ရခဲ့တဲ့ ထွန်းထွန်းမင်းရဲ့ညီ ထွန်းမင်းနိုင်

0
247

ထွန်းထွန်းမင်းရဲ့ညီဖြစ််တဲ့ ထွန်းမင်းနိုင်ခေါ် Suleiman ဟာ သူ့ရဲ့ One Championship ဒုတိယမြောက်ပွဲစဉ်မှာလည်း ဒိုင်ပွဲရပ်နဲ့ ထပ်မံအနိုင်ရခဲ့ပါတယ်။

မေလ ၁၂ ရက်ည ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ One Friday Night ပွဲစဉ်မှာ မြန်မာကိုယ်စားပြုအဖြစ်ထိုးသတ်ခဲ့တဲ့ ထွန်းမင်းနိုင်ဟာ ပထမအချီမှာပဲ ထိုင်းနိုင်ငံသား မွေထိုင်းဖိုက်တာကို အမှတ်စဉ်ရေရတဲ့အထိ တစ်ဖက်သတ်အသာစီး ထိုးနိုင်ခဲ့ပါတယ်။

ဒုတိယအချီအစမှာတော့ ထွန်းမင်းနိုင်ရဲ့ ထိုးချက်ကန်ချက်တွေကို ထိုင်းဖိုက်တာ မခုခံနိုင်တော့တဲ့အတွက် ဒိုင်က ဒိုင်ပွဲရပ်နဲ့ အနိုင်ပေးခဲ့တာဖြစ်ပါတယ်။

ထွန်းမင်းနိုင်ဟာ ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်က One Championship မှာစတင်ထိုးသတ်တာဖြစ်ပြီး ပွဲဦးထွက်မှာ အလဲထိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here