ကျိုင်းတုံမြို့ရှောင်လမ်းဖောက်လုပ်ရာ၌ လမ်းရေရှည်ခိုင်ခံ့စေရေးကို ကြိုတင်တွက်ချက်တည်ဆောက်ရမည်

0
1349

ရှမ်းပြည်နယ်၊ကျိုင်းတုံမြို့တွင် ကျိုင်းတုံမြို့ရှောင်လမ်းဖောက်လုပ်နေခြင်းအား နစက ဥက္ကဋ္ဌမှ မေ ၁၂ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးစဥ်တာဝန်ရှိသူများအား မှာကြားခဲ့ခြင်းဖြစ်သည်။

မိုးများသည့်အချိန်တွင် တောင်ကျရေများ၍ မိုးရာသီမရောက်မီ မြေလုပ်ငန်းများကိုပြီးပြတ်အောင်ဆောင်ရွက်ရမည်ဖြစ်ပြီး မြေဖြတ်ခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် မြေပြိုခြင်းများမဖြစ်ပေါ်စေရန် စနစ်တကျဆောင်ရွက်ရမည်ဟု မှာကြားခဲ့သည်။

“လမ်းရေရှည်ခိုင်ခံ့စေဖို့ ကြိုတင်တွက်ချက် တည်ဆောက်ဖို့လိုပါတယ်၊ လမ်းဖောက်လုပ်တာတွေကို သတ်မှတ်ကာလအတွင်းပြီးစီးအောင်ဆောင်ရွက်ပြီးရင် လမ်းရဲ့ဘေးဝဲယာလမ်းနယ်ထဲမှာ သစ်ပင်တွေစိုက်ပျိုးရပါမယ်”ဟု နစက ဥက္ကဋ္ဌမှာကြားခဲ့သည်။

ထို့နောက် နစက ဥက္ကဋ္ဌသည် ကျိုင်းတုံမြို့ရှောင်လမ်းတစ်လျှောက်အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးရဲလင်းက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here