ပြင်ဦးလွင်မြို့နယ်တွင် အဝေးပြေးခရီးသည်တင် (Express)ကားအရှိန်မထိန်းနိုင်ဘဲတိမ်းမှောက် ၉ ဦးဒဏ်ရာရ

0
406

မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့နယ်၊ပြင်စာကျေးရွာအနီးရှိ မန္တလေး-လားရှိုးသွားကားလမ်းတွင် မေ ၁၂ ရက်ညနေ ၅ နာရီခွဲကျော်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဥ်မောင်း၊ယာဥ်နောက်လိုက်နှင့်ခရီးသည် ၁၆ ဦးလိုက်ပါလာသည့် အဝေးပြေးခရီးသည်တင် (Express)ကားသည် မန္တလေး-လားရှိုးသွားကားလမ်းအတိုင်းမောင်းနှင်လာစဥ် ပြင်စာကျေးရွာအနီးရှိ မိုင်တိုင်အမှတ် ၂၅/၄ တွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

“မှောက်သွားတဲ့ကားက မန်းရွှေမြို့တော် ကားလိုင်းကပါ အရှိန်ပါလာတော့ ဘယ်လိုမှထိန်းလို့မရတော့ဘဲမှောက်သွားတဲ့အနေအထားပါ သတင်း ရရခြင်းပဲ ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းက တပ်ဖွဲ့ဝင်တွေနဲ့အတူ ချက်ခြင်းသွားပြီးကူညီပေးခဲ့ပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်ကြောင့် အဝေးပြေးခရီးသည်တင် (Express)ကားပေါ်၌လိုက်ပါလာသူများအနက် အမျိုးသား ၆ ဦးနှင့်အမျိုးသမီး ၃ ဦးတို့တွင် ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ပြင်စာလူမှုကူညီရေးအသင်းမှ ပြင်ဦးလွင်မြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-ပြင်စာလူမှုကူညီရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here