ဒေသအတွင်းမွေးမြူရေးလုပ်ငန်းဆောင်ရွက်လိုသူများကို နိုင်ငံတော်မှရင်းနှီးမတည်ငွေများထုတ်ချေးပေးမည်

0
126

ရှမ်းပြည်နယ်၊ကျိုင်းတုံမြို့တွင် ဒေသတွင်းစားရေးအတွက်လိုအပ်သည့် အသား၊ငါးနှင့်ဥများလုံလောက်စွာရရှိရေး၊ဒေသတွင်းဖြစ်ထွန်းသည့်သီးနှံများအောင်မြင်စွာစိုက်ပျိုးထုတ်လုပ်နိုင်ရေးတို့နှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌမှပြောကြားခဲ့ခြင်းဖြစ်သည်။

မေ ၁၂ ရက်နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကျိုင်းတုံမြို့ရှိ ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊မြို့မိ၊မြို့ဖများ၊အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား တွေ့ဆုံစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။

မွေးမြူရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ပါက ဒေသတွင်းစားရေးအတွက် လိုအပ်သည့် အသား၊ငါးနှင့်ဥများကို လုံလောက်စွာရရှိနိုင်မည်ဖြစ်ပြီး အသားဈေးကြီးမြင့်မှုကို ထိန်းသိမ်းနိုင်မည်ဟု ဆိုသည်။

“ဒေသအတွင်းမှာ မွေးမြူရေးလုပ်ငန်းဆောင်ရွက်လိုသူတွေကို နိုင်ငံတော်က ရင်းနှီးမတည်ငွေတွေ ထုတ်ချေးပေးသွားပါမယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် ဒေသတွင်းမှထွက်ရှိသည့် အသီးအနှံများနှင့်ဟင်းသီးဟင်းရွက်များကို ကုန်ခြောက်အဖြစ် ထုတ်လုပ်၍ ပြည်ပသို့တင်ပို့နိုင်ကာ ယိုလုပ်ငန်းများကိုလည်းဆောင်ရွက်နိုင်ပြီး ဒေသထွက်ကောက်ညှင်းကိုလည်း တန်ဖိုးမြှင့်ပစ္စည်းများအဖြစ်ထုတ်လုပ်ပါက ထုတ်ကုန်များပိုမိုရရှိမည်ဟု ဆိုသည်။

ကော်ဖီဈေးကွက်တွင်လည်း ပြည်ပလိုအပ်ချက်များစွာရှိ၍ မြန်မာနိုင်ငံမှထွက်ရှိသည့် ကော်ဖီများကို ပြည်ပသို့တိုက်ရိုက်တင်ပို့နိုင်ရန်ဆောင်ရွက်ရမည်ဖြစ်ပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ကော်ဖီလုပ်ငန်းဆောင်ရွက်ပါက အကျိုးဖြစ်ထွန်းစေမည်ဟု ဆိုသည်။

“ကော်ဖီဈေးကွက်ကို ရေရှည်တည်တံ့အောင်ထိန်းသိမ်းနိုင်ဖို့က မိမိတို့ထုတ်လုပ်တဲ့ ကော်ဖီရဲ့အရည် အသွေးနဲ့တိုက်ရိုက်အချိုးကျတာကြောင့် လုပ်ငန်းစဉ်တွေအလိုက် ပြည့်ဝအောင်လုပ်ဆောင်ပြီး အ ရည်အသွေးကောင်းတဲ့ ကော်ဖီကိုထုတ်လုပ်ရပါမယ် ကော်ဖီလိုပဲ လက်ဖက်စိုက်ပျိုးတာကိုလည်း အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ရပါမယ်” ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် နေကြာ၊ပန်းနှမ်း၊မြေပဲကဲ့သို့ ဆီထွက်သီးနှံများစိုက်ပျိုးနိုင်၍ ဒေသတွင်းဆီထွက်သီးနှံများကို အောင်မြင်အောင်ဆောင်ရွက်၍ ဒေသ၏ဆီလိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ပါက ဒေသအတွက်အကျိုးဖြစ်ထွန်းစေမည်ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here