ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၌ ကြားဝင်ညှိနှိုင်းပေးရန် ရုရှား၊ ယူကရိန်းနှင့် တခြားနိုင်ငံများသို့ အထူးကိုယ်စားလှယ်တစ်ဦးကို တရုတ် စေလွှတ်မည်

0
250

ယူကရိန်းအရေးအခင်းကို နိုင်ငံရေးအရ အပြီးသတ်ဖြေရှင်းရန်အတွက် တရုတ်နိုင်ငံမှ အထူးသံတမန်တစ်ဦးကို လာမည့်အပတ်အတွင်း ရုရှား၊ ယူကရိန်းနှင့် အခြားနိုင်ငံများသို့ စေလွှတ်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၁၂ ရက် သောကြာနေ့တွင် ပြောလာခဲ့သည်။

မော်စကိုဆိုင်ရာ သံအမတ်ဟောင်းဖြစ်ပြီး လက်ရှိတွင် အာရှနှင့် ဥရောပရေးရာ အထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူထားသော လီဟွေ့သည် အဆိုပါခရီးစဉ်အတွင်း ပြင်သစ်၊ ဂျာမနီနှင့် ပိုလန် နိုင်ငံများသို့ပါ သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဝမ်း ဝေါင်ဘင်က ပြောခဲ့သည်။

“တရုတ်ကိုယ်စားလှယ်ကို သက်ဆိုင်ရာနိုင်ငံတွေဆီ စေလွှတ်တာဟာ ငြိမ်းချမ်းရေးနဲ့ စေ့စပ်ညှိနှိုင်းရေးကို မြှင့်တင်ပေးမယ်လို့ တရုတ်က ပေးထားတဲ့ ကတိကို တည်အောင် လုပ်နေတာကို ပြသနေတယ်” ဟု ဝေါင်က သောကြာနေ့တွင် ပြုလုပ်ခဲ့သော နေ့စဉ်သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါ ခရီးစဉ်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ယူကရိန်းသမ္မတ ဇလန်စကီးတို့ ပြီးခဲ့သည့်လက ဖုန်းဖြင့် ဆက်သွယ်ပြောဆိုခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ပေကျင်းသည် ယူကရိန်းအရေးအခင်းအတွက် ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ်ကို တင်သွင်းထားသော်လည်း ယူကရိန်းကမူ ရုရှားဘက်က အပစ်ခတ်ရပ်စဲပြီး ၎င်း၏ တပ်များအား ယူကရိန်းပိုင်နက်မှ ပြန်လည်ဆုတ်ခွာခိုင်းမှသာ ဆွေးနွေးပွဲစရန် သဘောတူနိုင်မည်ဟု ပြောလာခဲ့သည်။

Source:WION


LEAVE A REPLY

Please enter your comment!
Please enter your name here