သံတွဲမြို့နယ်အတွင်းက မိုခါမုန်တိုင်း အန္တရာယ်မှ အရေးပေါ်ပြောင်းရွှေ့ရမည့် လူဦးရေ ၁၂၀၀၀၀ ကျော်အတွက် နေရာ (၅၄) ခု စီစဉ်ပေးထား

0
1811

ရခိုင်ပြည်နယ်၊ သံတွဲမြို့အတွင်းမှ မုန်တိုင်းရှောင်ပြည်သူများ ယာယီခိုလှုံနိုင်ရန်အတွက် အရေးပေါ်ပြောင်းရွှေ့နိုင်သည့်နေရာ (၅၄) ခုအထိ စီစဉ်ထားကြောင်း သိရသည်။

သံတွဲမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာစုစုပေါင်း (၇၂) ခုမှ လူဦးရေ ၁၂၈,၁၈၆ ဦးအတွက် အရေးပေါ်ရွှေ့ ပြောင်းနိုင်သည့်နေရာ (၅၄) ခု စီစဉ်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဘင်္ဂလားပင်လယ်အော် အတွင်း ဖြစ်ပေါ်နေသည့် အားအလွန့်အလွန်ကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းမိုခါသည် အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီ (၁၁၅) မိုင်အထိရှိလာပြီဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်းကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

လက်ရှိတွင် မိုခါမုန်တိုင်းသည် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ရောက်ရှိနေပြီး ရခိုင်ပြည်နယ် စစ်တွေမြို့၏ အနောက်တောင်ဘက် ရေမိုင် ၃၄၀ ခန့်၊ ကိုကိုးကျွန်းမြို့၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၂၅၅ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ အနောက် – အနောက်တောင်ဘက် ရေမိုင် ၂၉၅ မိုင်ခန့်၊ စစ်တွေမြို့၏ အနောက်တောင်ဘက် ရေမိုင် ၃၄၀ မိုင်ခန့်ရှိ ပင်လယ်ပြင် ကို ဗဟိုပြုနေကြောင်း မိုး/ဇလမှထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here