မိုခါ ဆိုင်ကလုန်းမုန်တိုင်း အဓိကဝင်ရောက်ဖြတ်ကျော်မည့် စစ်တွေမြို့တွင် လေများစတင်တိုက်ခတ်လာပြီး မိုးများရွာနေပြီဖြစ်ကြောင်း၊အချို့ကတော့ကမ်းနားတလျောက် ဆိုင်ကယ်နဲ့ပတ်ကြည့်နေကြကြောင်း စစ်တွေဒေသခံတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
ကျောက်ဖြူမြို့တွင်လည်း မိုးများရွာနေပြီး လေတိုက်ခတ်မှုတော့မရှိသေးကြောင်း အဆိုပါဒေသမှ သိရသည်။ငပလီတွင်လည်း လှိုင်းများ တဖြေးဖြေးကြီးလာပြီဟုဆိုသည်။
စစ်တွေ ဟိုတယ်များတွင် UN အဖွဲ့နှင့် သတင်းထောက်များလည်းရောက်ရှိနေကြောင်း ဒေသခံများကဆိုသည်။
ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားအလွန့်အလွန်ကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းမိုခါ၏ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီကို (၁၁၅) မိုင်မှ (၁၂၅) မိုင်အထိရှိလာပြီဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်းကြားမှုဦးစီးဌာနက ထပ်မံအသိပေးထုတ်ပြန်ထားသည်။
Photos credit- ဘခက်