လင်ဒါ ယတ်ကာရီနိုကို တွစ်တာ၏ စီအီးအိုအသစ်အဖြစ် အီလွန်မတ်စ် ကြေညာ

0
175

တွစ်တာပိုင်ရှင် အီလွန်မတ်စ်သည် လင်ဒါ ယတ်ကာရီနိုကို ၎င်းဆိုရှယ်မီဒီယာ ပလက်ဖောင်း၏ စီအီးအိုအသစ် အဖြစ် ခန့်အပ်လိုက်ကြောင်း မေလ ၁၂ ရက် သောကြာနေ့တွင် တရားဝင်ကြေညာခဲ့သည်။

“လင်ဒါ ယတ်ကာရီနိုကို တွစ်တာရဲ့ စီအီးအိုအသစ်အနေနဲ့ ကြိုဆိုပါရစေ။ လင်ဒါက စီးပွားရေးနဲ့ပတ်သက်တဲ့ လုပ်ငန်းပိုင်းတွေကို အဓိကထား တာဝန်ယူသွားမှာဖြစ်ပြီး ကျွန်တော်ကတော့ တွစ်တာရဲ့ ထုတ်ကုန် ဒီဇိုင်းပိုင်းနဲ့ နည်းပညာအသစ်တွေဘက်ကို အဓိကထား ကိုင်တွယ်သွားမှာပါ” ဟု မက်စ် တွစ်တာပေါ်တွင် ရေးသားလာခဲ့သည်။

လင်ဒါကို စီအီးအိုအသစ် ခန့်အပ်လိုက်သဖြင့် မက်စ်အတွက် ဝန်ပေါ့သွားစေပြီး သူ၏အချိန်များကိုလည်း သူစိတ်အဝင်စားဆုံးဖြစ်သော ဒီဇိုင်းပိုင်းနှင့် နည်းပညာပိုင်းတို့တွင် ပိုမိုရင်းနှီးမြှုပ်နှံသွားနိုင်မည်ဖြစ်သည်။

မတ်စ်ကိုယ်တိုင်ကလည်း တွစ်တာအတွက် သူ၏ အခန်းကဏ္ဍသည် စီအီးအိုအဖြစ်မှ အမှုဆောင် ဥက္ကဌနှင့် နည်းပညာဌာန၏ အကြီးအကဲအဖြစ်သို့ ကူးပြောင်းသွားပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ စီအီးအိုအသစ်ကို ကြေညာခဲ့ပြီးနောက် တက်စ်လာ ကုမ္ပဏီ၏ စတော့ရှယ်ယာများလည်း ၂ ဒသမ ၄ ရာခိုင်နှုန်း တိုးလာခဲ့သည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here