နယူးဂျာဆီပြည်နယ်ရှိ အိမ်တစ်အိမ်တွင်းသို့ ဥက္ကာခဲတစ်ခု ကျရောက်ကြောင်း သိပ္ပံပညာရှင်များ အတည်ပြု

0
179

အမေရိကန်ပြည်ထောင်စု နယူးဂျာဆီပြည်နယ်ရှိ အိမ်တစ်အိမ်တွင်းသို့ ကောင်းကင်မှ ကျရောက်လာသော ကျောက်တုံးတစ်တုံးမှာ ဥက္ကာခဲဖြစ်ကြောင်း သိပ္ပံပညာရှင်တို့က အတည်ပြုလိုက်သည်။

နယူးဂျာဆီပြည်နယ်တွင်နေထိုင်သူ ဆူဇီကော့ပ်ဆိုသည့် အမျိုးသမီး၏ အိမ်တွင်းသို့ တနင်္လာနေ့က ယင်းကျောက်တုံး ကျရောက်လာခြင်းဖြစ်သည်။

အိမ်ခေါင်မိုးနှင့် မျက်နှာကြက်များကိုဖောက်ထွင်းကာ ကျောက်တုံးသည် ဆူဇီကော့ပ်ဖခင်၏ အိမ်အပေါ်ထပ်ရှိ အိပ်ခန်းတွင်းသို့ ကျရောက်ခဲ့ခြင်းဖြစ်သည်။

“ကျောက်တုံးက တကယ်ကို ပူနွေးနေပါတယ်။ ကျွန်မကတော့ အပြင်က တစ်ယောက်ယောက်ပစ်လိုက်တဲ့ကျောက်တုံးလို့ထင်ခဲ့မိတာပါ”ဟူ ဆူဇီကော့ပ်ကပြောသည်။

“ဒါပေမယ့် အိမ်ခေါင်မိုးနဲ့ မျက်နှာကြက်မှာတော့ အပေါက် ၂ပေါက်ကို တွေ့ရတယ်ရှင့်”ဟုလည်း သူကပြောသည်။

ထို့နောက်တွင်မှ အနီးတဝိုက်ရှိ ဟိုတယ် ၂ခုတွင်လည်း အလားတူ ကျောက်တုံးများကျရောက်ခဲ့ကြောင်း ဆူဇီကော့ပ်သိလိုက်ရသည်။

ထို့ကြောင့် ရဲစခန်းသို့ အကြောင်းကြားရ ရဲစခန်းမှတစ်ဆင့် သိပ္ပံပညာရှင်များရောက်လာခဲ့ပြီး ကျောက်တုံးကို စစ်ဆေးရန် ယူဆောင်သွားတော့သည်။

သိပ္ပံပညာရှင်များသည် ယင်းကျောက်တုံးအား စစ်ဆေးကြပြီးနောက် ကြာသပတေးနေ့တွင်မူ နယူးဂျာဆီပြည်နယ်တက္ကသိုလ် ရူပဗေဒဌာနမှ ပါမောက္ခ နိတ်မက်ဂီးက ကျောက်တုံးမှာ အာကာသတွင်းမှ ကျရောက်လာသော ဥက္ကာခဲဖြစ်ကြောင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။

ဆူဇီကော့ပ်၏ အိမ်တွင်းသို့ ကျရောက်လာသော ဥက္ကာခဲမှာ ၂ ဒသမ ၂ ပေါင်လေးပြီး သက်တမ်းအားဖြင့် နှစ်ပေါင်း ၄ ဒသမ ၅၆ ဘီလျံမျှ အိုမင်းနေပြီဖြစ်ကြောင်း၊ ကမ္ဘာမြေထက် အနည်းငယ်မျှ ပိုမိုအိုမင်းကြောင်း သုတေများက အတည်ပြုခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here