ထိုင်းကို ရှုံးနိမ့်ပြီး မြန်မာအသင်း ဆီမီးအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရ၊ ဗီယက်နမ်နှင့် တတိယလုရမည်

0
227

ဆီးဂိမ်းစ် အမျိုးသား ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် မြန်မာယူ ၂၂ အသင်းနှင့် ထိုင်းအသင်းတို့ ယမန်နေ့ မေ ၁၃ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည်။

ထို့သို့ယှဉ်ပြိုင်ရာတွင် ထိုင်းအသင်းက မြန်မာအသင်းကို ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ဖိုင်နယ်တက်သွားကာ မြန်မာအသင်းမှာ ဆီမီးဖိုင်နယ်အဆင့်ဖြင့်သာကျေနပ်ခဲ့ရရသည်။

မြန်မာအသင်းသည် အဖက်ဖက်မှ သာလွန်နေသည့် ထိုင်းနှင့်ပွဲစဉ်တွင် ခြေရည်တူနီးပါး ယှဉ်ကစားနိုင်ခဲ့သော်လည်း အဆုံးသတ်မသေချာမှု၊ ကံတရား၏ မဖေးမမှုတို့ကြောင့် ရှုံးနိမ့်ခဲ့ရခြင်းလည်းဖြစ်သည်။

မြန်မာအသင်းသည် တတိယနေရာအတွက် မေလ ၁၆ ရက်တွင် ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်ရဦိးမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here