လေပြင်းတိုက်ခတ်မှုကြောင့် ငပုတောမြို့နယ်ရှိ စာသင်ကျောင်းအချို့နှင့်အဆောက်အဦးအချို့ပျက်စီးမှုများဖြစ်ပေါ်

0
155

ဧရာဝတီတိုင်း၊ငပုတောမြို့နယ်တွင် မေ ၁၄ ရက် (ယနေ့)မွန်းလွဲ ၂ နာရီခန့်က မိုးအနည်းငယ်ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်မှုဖြစ်ပေါ်ခဲ့ကြောင်း ငပုတောမြို့နယ်အခြေစိုက်လူမှုကူညီရေးအသင်းများမှ သိရသည်။

ထိုသို့ လေပြင်းတိုက်ခတ်မှုကြောင့် ထိပ်တန်းကန့်ဘလာကျေးရွာအုပ်စု၊ဟင်းအိုးချောင်းကျေးရွာရှိ အလျား ၄၀ ပေ၊အနံ ၃၀ ပေ၊အမြင့် ၁၂ ပေရှိ သွပ် ၊ဝါး၊ပျဥ်ခင်းအဆောက်အအုံ၏ သွပ်အမိုးများလန်ခြင်း၊အ.လ.က(ခွဲ)(ဟင်းအိုးချောင်း)ရှိ အလျား ၉၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၂ ပေရှိကွန်ကရစ်အဆောက်အဦး၏ သွပ်အမိုးများလန်၍ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဖျန်ရေကျော်ကျေးရွာ၏ အ.ထ.က ကျောင်းရှိ ရေသန့်စက်မှ အကာကျောက်ပြားအချို့လည်းပျက်စီးဆုံးရှုံးခဲ့၍ ပျက်စီးဆုံးရှုံးခဲ့သည့်နေရာများအား လုံခြုံရေးအဖွဲ့ဝင်များ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊မြို့နယ်သဘာဝဘေးကော်မတီဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ရှင်းလင်းရေးလုပ်ငန်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here