ထိုင်းရွေးကောက်ပွဲ မဲရေတွက်မှုကနဦးတွင် Pheu Thai သည် မဲဆန္ဒနယ်အမတ်နေရာအများဆုံး ပထမနေရာ၌တစ်ပြေးနေပြီး ၄င်းနောက်တွင် Move Forward နှင့် Bhumjaithai တို့က ကပ်ရက်လိုက်နေသည်။
Pheu Thai ပါတီ ၀န်ကြီးချုပ် ကိုယ်စားလှယ်လောင်း Paetongtarn Shinawatra နှင့် Srettha Thavisin တို့သည် ယခုအခါ ပါတီဌာနချုပ်တွင်ရောက်ရှိနေပြီး ၎င်းတို့သည်မကြာခင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖွယ်ရှိသည်ဟုသတင်းရင်းမြစ်တစ်ခုက ဆိုသည်။
လက်ရှိ ၀န်ကြီးချုပ်ဖြစ်သည့် ကိုယ်စားလှယ်လောင်း ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာ သည်လည်း တနင်္ဂနွေနေ့ ညနေပိုင်းတွင် United Thai Nation Party HQ သို့ ရောက်ရှိလာပြီ ဖြစ်သည်။စောစောပိုင်းစာရင်းများအရ သူ့ပါတီက နံပါတ် (၄) မှာရှိနေလို့ မပြုံးမရယ်နိုင်ဖြစ်နေကြောင်းပြောကြသည်။
ဝန်ကြီးချုပ်ကတော့ ရလဒ်များသည် မဲဆန္ဒရှင်များ၏ ဆုံးဖြတ်ချက်များနှင့်အညီ ဖြစ်မည်ဟု ပြောဆိုခဲ့သည်။