ပထမဆုံးအကြိမ် ရွှေတံဆိပ်ဆု ရယူဖို့ ကြိုးစားလာမည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း

0
592

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနှင့် ဗီယက်နမ် အမျိုးသမီးအသင်းတို့သည် ယနေ့ည (မေလ ၁၅ ရက်) တွင် ဆီးဂိမ်းစ်အမျိုးသမီးဘောလုံး ဗိုလ်လုပွဲ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

မြန်မာအသင်းနှင့် ဗီယက်နမ်အသင်းတို့သည် ယနေ့မေလ ၁၅ ရက်၊ မြန်မာစံတော်ချိန် ည ၇ နာရီ အချိန်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ National Olympic Stadium ၌ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ဆီးဂိမ်းသမိုင်းတွင် ရွှေတံဆိပ်ဆု ရရှိဖူးခြင်းမရှိပဲ ငွေတံဆိပ်ဆု ၃ ဆုနှင့် ကြေးတံဆိပ်ဆု ၅ ဆု ရရှိထားကာ ယနေ့တွင် ပထမဆုံးအကြိမ်အဖြစ် ရွှေတံဆိပ်ဆု ရယူနိုင်မည်လားဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

ပုံစာ – ဗီယက်နမ်နှင့်ကစားမည့် ဗိုလ်လုပွဲအတွက် ကြိုတင်ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here