မြန်မာမှာ ဆိုင်ကလုန်းဝင်​နေသော်လည်း ဆီးဂိမ်းတွင် မြန်မာများ စိတ်ဓါတ်မပျက် ကြိုးစားမှုကြောင့် ဘိလိယက်၊ တိုက်ကွမ်ဒို၊ ဗို‌ဗိနမ် ကစားနည်းမှ ရွှေတံဆိပ် ၃ ဆုအပါအဝင် ဆုတံဆိပ် ၂၁ ခုဆွတ်ခူး

0
638

မြန်မာမှာ ဆိုင်ကလုန်းဝင်နေသော်လည်း (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း)၏ မေ ၁၄ ရက်က ယှဥ်ပြိုင်ကစားခဲ့သော အားကစားပွဲများတွင် မြန်မာများ စိတ်ဓါတ်မပျက် ကြိုးစားမှုကြောင့် ဘိလိယက်၊ တိုက်ကွမ်ဒို၊ ဗို‌ဗိနမ် ကစားနည်းမှ ရွှေတံဆိပ် ၃ ဆုအပါအဝင် ဆုတံဆိပ် ၂၁ ခုဆွတ်ခူးခဲ့သည်။

ဘိလိယက်ကစားနည်း၏ 9 Ball Pool Double ပြိုင်ပွဲတွင် ဘုန်းမြင့်ကျော်နှင့် သော်ဇင်ထက်၊ တိုက်ကွမ်ဒိုကစားနည်း၏ ၈၇ ကီလိုအထက်တွင် မောင်ကျော်မင်းနိုင်၊ ဗို‌ဗီနမ်(အားနစ်) ကစားနည်း၏ ဖော့တုတ်အတိုက် ၅၅-၆၀ ကီလိုအထက်တွင် မောင်စည်သူမောင်တို့က ရွှေတံဆိပ်ဆု ရယူပေးခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ရိုးရာလှေအားကစားနည်း၊ ဂျူဒိုနှင့် ဗို‌ဗီနမ်(အားနစ်) ကစားနည်းတို့မှ ငွေတံဆိပ် ၃ ခုနှင့် ရိုးရာလှေ၊ လက်ဝှေ့၊ E sports၊ ဂျူဒို၊ တိုက်ကွမ်ဒိုနှင့် ဗို‌ဗီနမ်အားကစားနည်းတို့မှ ကြေးတံဆိပ် ၁၅ ခုကို ဆွတ်ခူးပေးနိုင်ခဲ့သည်။

ထို့ကြောင့် မြန်မာ့လက်ရွေးစင်အားကစားအဖွဲ့သည် မေ ၁၄ ရက်ပြိုင်ပွဲများပြီးဆုံးချိန်အထိ ရွှေတံဆိပ် ၂၀ ခု၊ ငွေတံဆိပ် ၁၉ ခု၊ ကြေးတံဆိပ် ၅၈ ခု(စုစုပေါင်း ၇၂ ခု)ဆွတ်ခူးထားပြီးဖြစ်ကြောင်း သိရသည်။

မေ ၁၅ ရက်တွင်လည်း မြန်မာ့လက်ရွေးစင်အားကစားသမားများသည် ပိုက်ကျော်ခြင်း၊ E-Sports ၊အလေးမ၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ ဗိုဗီနမ်၊ ဘောလုံး အားကစားနည်းများအား ဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here