အီတလီကယူကရိန်းကိုဆက်လက်ထောက်ခံ၊ပုပ်ရဟန်းမင်းကြီးအား ကိဗ်၏ငြိမ်းချမ်းရေးအစီအစဉ်၌ပါဝင်ရန်ဇလန်းစကီးတောင်းဆို

0
271

ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီးသည် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နှင့် ဗာတီကန်တွင်တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။

၎င်းတို့၏မိနစ်လေးဆယ်ကြာတွေ့ဆုံမှုအတွင်း ဖြစ်ပေါ်နေသောပဋိပက္ခကြားမှ အပြစ်မဲ့ဓားစာခံအရပ်သားများအား ကူညီမှုပေးရန်လိုအပ်ကြောင်းဆွေးနွေးခဲ့ကြသည်ဟု ဗာတီကန်ကထုတ်ပြန်ထားသည်။

ယင်းနောက် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသောယူကရိန်း၌ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီနှင့် နိုင်ငံရေးအခြေအနေများနှင့်စပ်လျဉ်းသည့်အရာများလည်း ဆွေးနွေးခဲ့ကြသည်ဟုသိရသည်။

ဆက်လက်၍လည်း သမ္မတဇလန်းစကီးက ပုပ်ရဟန်းမင်းကြီးအား ယူကရိန်း၏ အချက် ၁၀ ချက်ပါငြိမ်းချမ်းရေးအစီအစဉ်၌ ပါဝင်ရန်တောင်းဆိုခဲ့သည်။

ထို့ပြင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှစကာ ရုရှားနှင့်ခရိုင်းမီးယားသို့ခေါ်ဆောင်သွားခံရသူ ကလေးငယ် ၁၉,၅၀၀ ယောက်နှင့်ပတ်သက်၍လည်း အဆိုပါကလေးငယ်များ အိမ်ပြန်လာနိုင်စေ‌ရေးနှင့်ပတ်သက်၍လည်း ပုပ်ရဟန်းမင်းကြီးနှင့်ဆွေးနွေးခဲ့ကြသည်။

ယင်းအပြင် စစ်ပွဲစတင်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ရောမမြို့သို့ သမ္မတဇလန်းစကီးလာရောက်စဉ် အီတလီခေါင်းဆောင်များကလည်း ယူကရိန်း၏ စစ်ရေးနှင့်ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးကူညီမှုအပြည့်အဝပေးရန် စနေနေ့ကကတိပြုခဲ့ကြသည်။

သမ္မတဇလန်းစကီးသည် ပုပ်ရဟန်းမင်းကြီးနှင့်မတွေ့ခင်ကတည်းက အီတလီသမ္မတဆာဂျေးရိုးမာတာအာလာနှင့် ဝန်ကြီးချုပ် ဂျော်ဂျီယာမယ်လိုနီတို့နှင့်လည်းဆွေးနွေးမှုများပြုလုပ်ခဲ့သေးသည်။

Source : ဝိုင်ယို


LEAVE A REPLY

Please enter your comment!
Please enter your name here