မိုခါမုန်တိုင်းမကြာမီ အားပျော့​တော့မည်ဟု မိုးဇလ ပြော

0
166

ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် နံက်အ​စောက ကသာမြို့အနီးမှ ဖြတ်ကျော်သွားပြီဖြစ်ပြီး နောက် ၇ နာရီအတွင်း အားပျော့သွားနိုင်ကြောင်းမိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးကြေညာထားသည်။

ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ချင်းပြည်နယ်၊ မတူပီမြို့အနီးမှ ကုန်းတွင်းသို့ ရွေ့လျားဝင်ရောက်ခဲ့သော အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “မိုခါ” (MOCHA)သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဆိုင်ကလုန်း မုန်တိုင်း(Cyclonic Storm) “မိုခါ” (MOCHA)အဖြစ်သို့ အားလျော့သွားခဲ့ ကာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကသာမြို့အနီးမှ မြောက်-အရှေ့ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျက်ရှိကြောင်း ဖော်ပြထားသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့အနီးကနေ ဆက်လက်ရွေ့လျားနေပြီး စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ကို ရောက်ရှိမည်ဖြစ်ပြီး အဆို‌ပါဒေသများတွင် တစ်နာရီ လေတိုက်နှုန်း မိုင် ၄၀ ခန့်ရှိမည်ဖြစ်​ကြောင်း သိရသည်။

ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့သည် မုန်တိုင်းဖြတ်ကျော်ပြီး ဖြစ်သည့်အတွက် အစိမ်းရောင် အဆင့်ဟု သတ်မှတ်ပါထားသည်။

နေပြည်တော် ၊ မကွေး၊ ပဲခူး၊ ချင်း၊ ရခိုင်နှင့် ကယားပြည်နယ်တို့တွင် တစ်နာရီလေတိုက်နှုန်း ၂၅ မိုင်မှ  မိုင် ၃၀ အထိ တိုက်ခတ်နိုင်ကာ ကုန်းတွင်းဘက်တွင် မုန်တိုင်း အားလျော့သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here