စူဠာမဏိဘုရားအတွင်းဝင်နေသည့် မိုးရေများအား ရေစုပ်စက်များဖြင့်စုပ်ထုတ်

0
248

မန္တလေးတိုင်း၊ညောင်ဦးမြို့နယ်တွင် “မိုခါ”ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် မေ ၁၃ ရက်နှင့် ၁၄ ရပ်တို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့၍ စူဠာမဏိဘုရားကြီးအတွင်းသို့ မိုးရေများဝင်ရောက်ခဲ့သည်။

မိုးရေဝင်ရောက်မှုသည် ၁ ပေခန့်ရှိ၍ စူဠာမဏိဘုရားကြီးအတွင်း ဝင်ရောက်နေသည့်မိုးရေများအား ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ၊သဘာဝဘေးအန္တရာယ်ဆိုင်ရာကာကွယ်တားဆီးရေးအဖွဲ့ဝင်များ၊ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊လုံခြုံရေးအဖွဲ့ဝင်များက ရေစုပ်စက်များဖြင့်စုပ်ထုတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here