ယူကရိန်းဘက်မှ တန်ပြန်ထိုးစစ်ဆင်ရန် ပြင်ဆင်နေစဉ် ဂျာမနီသို့ ဇလန်စကီး သွားရောက်

0
170

ယူကရိန်းသမ္မတ ဗလာဒီမာ ဇလန်စကီးသည် မေလ ၁၄ ရက် တနင်္ဂနွေနေ့တွင် ဂျာမနီနိုင်ငံသို့ အရေးအခင်းစတင်ချိန်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် သွားရောက်ခဲ့သည်။

ထိုကိစ္စနှင့် ပတ်သက်၍ ဇလန်စကီးက “ဘာလင်ကို ရောက်နေပါပြီ။ လက်နက်တွေ၊ စစ်ဘက်ဆိုင်ရာ အကူအညီတွေ၊ ဝေဟင် ကာကွယ်ရေး၊ ပြန်လည်တည်ဆောက်ရေး၊ လုံခြုံရေး၊ နေတိုး၊ ဥရောပ သမဂ္ဂ” ဟု တွစ်တာပေါ်တွင် ရေးသားခဲ့သည်။

ဇလန်စကီး၏ အဆိုပါခရီးစဉ်နှင့်အတူ ဘာလင်ကလည်း ယူကရိန်းသို့ ယူရို ၂ ဒသမ ၇ ဘီလျံတန် စစ်ဘက်ဆိုင်ရာ အကူအညီများ ပေးပို့သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

ဇလန်စကီးသည် ဂျာမန်ဝန်ကြီးချုပ် အိုလက်ဖ် ရှို့နှင့်လည်း တွေ့ဆုံကာ ပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ ထိုသတင်းစာရှင်းလင်းပွဲတွင် ဇလန်စကီးက ယူကရိန်းနှင့် အနောက်အုပ်စုတို့သည် ယခုနှစ်အတွင်း၌ပင် ရုရှားအား နလန်မထူအောင် တိုက်ထုတ်နိုင်သည်ဟု ပြောလာခဲ့သည်။

ဇလန်စကီး၏ ဘာလင်ခရီးစဉ်သည် ကိယက်ဗ်က ရုရှားသိမ်းပိုက်ခံဒေသများသို့ အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ရသော တန်ပြန်ထိုးစစ်များကို စတင်ရန် ပြင်ဆင်နေချိန်နှင့် တစ်ချိန်တည်းဖြစ်နေသည်။ ထိုဒေသများကို ပြန်လည်သိမ်းပိုက်နိုင်ရန်အတွက် ယူကရိန်းတပ်ဖွဲ့များသည် တပ်ဖွဲ့ဝင်အသစ်များ စုဆောင်းနေပြီး အနောက်အုပ်စုမှ ပေးပို့မည့် လက်နက်ကိရိယာများကို စုဆောင်းနေလျက်ရှိသည်ဟု လေ့လာသုံးသပ်များက ဆိုသည်။

Source: စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here