မြန်မာအမျိုးသားဘောလုံးအသင်း တတိယဆု ရပါက နစက ဥက္ကဋ္ဌက ဒေါ်လာ ငါးသောင်း ချီးမြှင့်မည်

0
221

ကမ္ဘောဒီးယားနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲတွင် မြန်မာ ယူ ၂၂ အမျိုးသားဘောလုံးအသင်းအနေဖြင့် တတိယဆုရရှိပါက နစက ဥက္ကဋ္ဌက ဒေါ်လာ ငါးသောင်းချီးမြှင့်သွားမည်ဟု နစက နှင့်နီးစပ်သူများထံမှ သိရသည်။

မြန်မာ ယူ ၂၂ အမျိုးသားဘောလုံးအသင်းသည် တတိယ နေရာလုပွဲအဖြစ် ဗီယက်နမ် အသင်းနှင့် လာမည့် မေလ ၁၆ ရက်နေ့၊ ဒေသစံတော်ချိန် ညနေ ၄  နာရီ၊ အိုလံပစ်ကွင်းတွင် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

ဆီးဂိမ်းတွင် မြန်မာအမျိုးသားဘောလုံးအသင်း၏ နောက်ဆုံးအကြိမ် အောင်မြင်မှုမှာ ၂၀၁၉ ခုနှစ်က ဖီလစ်ပိုင်နိုင်ငံမှ ကျင်းပသည့်ပြိုင်ပွဲတွင် တတိယဆု ရရှိခဲ့ခြင်းဖြစ််သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here