စစ်တွေအပါအဝင် ရခိုင်ပြည်နယ်မှ မြို့နယ် (၁၇) ခုအား သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ်ကြေညာ

0
172

နစက မှ “မိုခါ”မုန်တိုင်းဒဏ်ခံစားခဲ့ရသည့် ရခိုင်ပြည်နယ်မှ မြို့နယ် (၁၇) ခုအား သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများအဖြစ် မေ (၁၅) ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။

ကြေချက်အမှတ် ၁/၂၀၂၃ ဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၁၁) အရ သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများအဖြစ် ကြေညာခဲ့ခြင်းဖြစ်သည်။

“မိုခါ”ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် ရခိုင် ပြည်နယ်ရှိ ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ၊ အမ်း၊ စစ်တွေ၊ ညပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ တောင်ကုတ်၊ သံတွဲ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊မင်းပြား၊ မြောက်ဦး၊ မြေပုံမြို့နယ်တို့အား သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများအဖြစ် ကြေညာခဲ့ခြင်းဖြစ်သည်။

အလွန့်အလွန် အားကောင်းသော “မိုခါ”ဆိုင်ကလုန်းမုန်တိုင်းသည် မေ (၁၄) ရက်က မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းဒေသများအား စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်တိုက်ခတ်ခဲ့ခြင်း ဖြစ်သည်။

ပုံစာ-မုန်တိုင်းအပြီး စစ်တွေမြို့၏ ယနေ့နံနက်ပိုင်း မြင်ကွင်း

Photo crd -Achite Taw

Photo crd – Youn Mi Mi


LEAVE A REPLY

Please enter your comment!
Please enter your name here